အပိုင်း - ၃၀
ကုတင်ပေါ်တွင်လှဲနေသည့် ရှိုင်းက ဝေမင်းကို ခပ်ယဲ့ယဲ့လေးပြုံးပြရှာ၏။ ရိုက်ထားသည့် ဒါဏ်ရာကများသော်လည်း ခွင်းက ရှိုင်း၏ မျက်နှာကိုတော့ ထိခိုက်မှုမဖြစ်ရအောင် ရှောင်ပေးခဲ့သည်။ ထို့ကြောင့်ပင် ဝေမင်း ကျေးဇူးတင်ရ၏။
ရှိုင်းက ဘယ်လောက်ပဲ သူငယ်ချင်းဟုဆိုပါစေ။ ဝေမင်းအတွက်တော့ ရှိုင်းက ကျေးဇူးရှင်။ ဒါ့ကြောင့် ဝေမင်းက ခွင်းကို ဘယ်တော့မှ လွန်ဆန်မည့်သူမဟုတ်။ ဒါကတော့ ဝေမင်းက ခွင်းအပေါ်ထားသည့် သစ္စာတရားဖြစ်သည်။
ဝေမင်းက ရှိုင်း၏ လက်လေးကို ခပ်ဖွဖွဆုပ်ယူပြီး အသာယာနမ်းလိုက်သည်။
"သက်သာရဲ့လား ရှိုင်း.. နာနေသေးလား"
ဝေမင်း မေးလိုက်သည့်အခါ ရှိုင်းက ခေါင်းခါပြရှာ၏။
"မနာပါဘူး.. ရှိုင်း အဆင်ပြေပါတယ်.. ကိုမင်း ဝမ်းနည်းမနေနဲ့တော့နော်"
ဝေမင်းက ဝမ်းနည်းနေမှန်း ရှိုင်း သိပါသည်။ သို့သော် ဘယ်လိုနှစ်သိမ့်ပေးရမည်ကိုတော့ ရှိုင်း မတွေးတတ်ပါ။
ဝေမင်းက ရှိုင်း၏ ဆံနွယ်လေးများကို သပ်တင်ပေးလိုက်၏။
"ဘာစားချင်လဲ ရှိုင်း.. ကိုယ်သွားဝယ်ပေးမယ်လေ"
"ရှိုင်း စားချင်တာရယ်လို့တော့ မရှိပါဘူး.. ဒါနဲ့လေ.. သေချာစောင့်ကြည့်နေတယ် မဟုတ်လားဟင်.."
ရှိုင်း၏ အမေးကို ဝေမင်း သဘောပေါက်ပါသည်။
"အင်း... ကိုယ်တို့ စောင့်ကြည့်နေပါတယ်.. သတင်းတွေက ဒီမနက်ကမှတက်တာဆိုတော့ ကိုယ်တို့ ဆက်စောင့်ရဦးမယ်ထင်တယ် ရှိုင်း"
"အင်း"
"ရှိုင်းကတော့ ကျန်းမာရေးပဲ ဂရုစိုက်ပေးနော်.. ကျန်တာတွေ ကိုယ်ကြည့်လုပ်လိုက်မယ်"
"ရှိုင်းကို စိတ်မပူပါနဲ့ဆိုနေ"
ဝေမင်း ခေါင်းညိတ်ပြလိုက်သော်လည်း စိတ်မပူဘဲတော့ မနေနိုင်ပါ။ ရှိုင်းက ဝေမင်းအတွက် ဘယ်လိုလူသားလဲ။
"ရှိုင်း ခဏလောက်အိပ်လိုက်ပါလား.. ကိုယ် စားစရာတစ်ခုခုသွားဝယ်ဦးမယ်"
أنت تقرأ
အမုန်းနဲ့ပျိုးတဲ့ ချစ်ခြင်းအလင်္ကာ (Completed)
أدب المراهقين(+ Warning) အစားထိုးထားတဲ့အရာတစ်ခုက နှလုံးသားတစ်ခုကိုခြွေဖို့ လုံလောက်ရဲ့လား...။