Part 58

20.9K 747 23
                                    


အပိုင်း - ၅၈

ရှိုင်းက တုန်ယင်နေသည့်လက်လေးဖြင့် ခလုတ်လေးများကို နှိပ်လိုက်သည်။

-၂.၀.၄.၉.၁.၂-

'တီ'

-ချောက်-

တီ'ခနဲမြည်သံလေးနှင့်အတူ ပွင့်သွားသည့် လျှို့ဝှက်ခန်း တံခါးလေး။

နိုင်းက ရှိုင်း၏ဖုန်းထဲတွင် ဂဏန်းခြောက်လုံးကို ထားပေးခဲ့၏။ ထိုနေ့က အဖြစ်အပျက်တွေမှာ နိုင်းအနေဖြင့် အသက်မရှင်နိုင်ခဲ့ပါကဆိုသည့်အတွေးကို တွေးခဲ့ပုံရသည်။ ထို့ကြောင့် ရှိုင်း၏ ဖုန်းထဲရှိ Note ထဲတွင် နံပတ် (၆) လုံးနှင့် စာသားလေးတစ်ခုကို ချန်ခဲ့သည်။

နံပတ် (၆) လုံးက '၂၀၄၉၁၂' ဖြစ်ကာ စာသားကတော့ 'ပန်းလေးကိုကယ်ပေးပါ' ဟူ၍ ဖြစ်လေသည်။

ရှိုင်းက သတိထားပြီး တံခါးလေးကို တွန်းဖွင့်လိုက်သည်။

-ကျွီ-

နိုင်းပြောခဲ့ဖူးသည့် Red Tiger ၏ လျှို့ဝှက်ခန်းလေး။ ဝင်လမ်းတစ်လျှောက်ရှိ ပန်းများကတော့ ညှိုးနွမ်းနေကြပြီ။ အဝင်၊အထွက် မလုပ်ကြသည်မှာ ရက်အနည်းငယ်လောက်ရှိနေဟန်ပင်။ သန့်ရှင်းရေး မလုပ်တာလည်း ရက်အနည်းလောက် ရှိရော့မည်ထင်၏။ အနေအထားကတော့ ဖုန်အနည်းငယ်ရှိနေပြီ။

ရှိုင်း၊ ခွင်းနှင့် ရာတို့က သတိထားပြီး ဆက်ဝင်ခဲ့ကြရသည်။ ခွင်းက ရာ၏ လက်လေးကို ဆုပ်ကိုင်ရင်း ဘေးပတ်ဝန်းကျင်ကို သတိထားနေရ၏။ ခုချိန်က ရာအနေဖြင့် စိတ်နဲ့လူမကပ်။ အဖြစ်အပျက်တို့ကလည်း ရာအနေဖြင့် စိတ်လွတ်ဖို့လုံလောက်နေခဲ့ပြီမဟုတ်လား။

ရာက လျှောက်နေသည့်ခြေလှမ်းတို့ကို ရုတ်တရက်တန့်လိုက်သည့်အတွက် ခွင်းနှင့်ရှိုင်းပါ ရပ်သွားကြရ၏။

ခွင်းက ရာကိုကြည့်ပြီး မေးလိုက်ရသည်။

"ရာ.. ဘာဖြစ်လို့လဲ"

"ကိုကို.. အခုလေ ရာတို့က ပန်းလေးကို ရှာကြရမှာမဟုတ်လား"

ရာ မေးလိုက်သည့်အခါ ရှိန်လျှံခွင်းအပြင် ရှိုင်းကပါ ခေါင်းညိတ်ပြရှာသည်။

အမုန်းနဲ့ပျိုးတဲ့ ချစ်ခြင်းအလင်္ကာ (Completed)Where stories live. Discover now