အပိုင်း - ၅၃
ရာက မေမေ့၏ ရင်ခွင်ထဲတွင် မှေးနေမိသည်။ မေမေက ရာ၏ ဆံနွယ်လေးများကို လက်လေးဖြင့် ဖွနေ၏။ မေမေနှင့်ခွဲခွာရပြီးကတည်းက ရာ ဒီလိုအခြေနေလေးကို သိပ်လွမ်းရသည်။ မေမေ့ကို ပြန်မတွေ့ရမှာ ရာ ကြောက်ခဲ့မိသည်။ မြဲမြံအကြောင်းတွေးမိသည့်အခါ ရာ သက်ပြင်းချလိုက်သည်။ မေမေကတော့ အဖြစ်ပျက်တွေကို နားထောင်ပြီးနောက် ဘာမှမပြောသေးပေ။ မြဲမြံကိစ္စကိုတော့ ဝမ်းနည်းသယောင်ရှိသော်လည်း ဝမ်းနည်းမှုတို့ကို မြိုသိပ်ထားလိုက်ပုံရသည်။
"မေမေ"
ရာက မျက်လုံးမှိတ်လျှက်နှင့်ပင် မေမေ့ကို ခေါ်လိုက်သည်။
"အင်း.. ပြောလေ ရာ.. မေမေ နားထောင်နေတယ်"
"မေမေ့ကို မရှိတော့ဘူးလို့ တိမ်ရောင်ကို ပြောလိုက်တဲ့အချိန်မှာလေ.."
ရာက ပြောရင်း အသံလေးများတိမ်ဝင်သွားသည်။ ထို့ကြောင့် မေမေက ရာ၏ လက်မောင်းကို ဖြည်းဖြည်းလေး ပွတ်ပေးသည်။ ရာကို နှစ်သိမ့်ပေးသည့်သဘောပင်။
"အင်း.. အဲ့ချိန်မှာ ရာ ဝမ်းနည်းသွားတာလား"
"ဟုတ်တယ် မေမေ.. တကယ်လို့များ မေမေက ရာကို တကယ်ထားသွားမလားလို့ ကြောက်မိတယ်"
"ရာ... လူတိုင်းကတော့ တစ်ချိန်ချိန်မှာ အားလုံးကိုထားခဲ့ရမှာပါပဲ.. ဒါပေမယ့် ရှင်သန်နေချိန်မှာတော့ လူပီသဖို့လိုတယ်.. နောင်တရရင်တောင် နောင်တနည်းဖို့လိုတယ်.. မေမေလည်း ရာကို တစ်နေ့နေ့မှာ ထားခဲ့ရမှာပါပဲ.. အမြဲတော့ အတူမရှိနိုင်ဘူးလေ"
"ရာ နားလည်ပါတယ်မေမေ.. ဒါပေမယ့် ရာကတော့ မေမေနဲ့ တတ်နိုင်သလောက် အတူတူရှိချင်သေးတယ်"
"မေမေလည်း ရာကို မခွဲနိုင်သေးပါဘူး .. မေမေ့မှာ ရာပဲရှိတော့တာလေ"
"အွန်း.. ချစ်တယ် မေမေ"
"မေမေကလည်း ချစ်ပါသတဲ့ရှင်"
ရာက မေမေ့ရင်ခွင်ထဲက နွေးထွေးမှုလေးကို သဘောကျနေသည်။
"မေမေ.. ကိုရှိုင်းကိုရော ခွင့်လွှတ်ပေးလို့ရမလား.. ကိုရှိုင်းကလည်း ဒါတွေကို လုပ်ချင်လို့မဟုတ်ခဲ့ပါဘူး"
VOCÊ ESTÁ LENDO
အမုန်းနဲ့ပျိုးတဲ့ ချစ်ခြင်းအလင်္ကာ (Completed)
Ficção Adolescente(+ Warning) အစားထိုးထားတဲ့အရာတစ်ခုက နှလုံးသားတစ်ခုကိုခြွေဖို့ လုံလောက်ရဲ့လား...။