Part 22

22.1K 873 21
                                    


အပိုင်း - ၂၂

ခွင်း၏ အခန်းတွင် လိုက်ကာအားလုံးက နှစ်ထပ်ဖြစ်သည်။ အလင်းတစ်ထပ်၊ အမှောင်တစ်ထပ် တပ်ဆင်ထားခြင်းဖြစ်၏။ နေ့ဆိုလျှင်ခွင်းက လိုက်ကာ နှစ်ထပ်လုံးကို ဖွင့်ထားတတ်သော်လည်း ညဆိုလျှင်တော့ အလင်းတစ်ထပ်ကိုသာ ပိတ်တတ်၏။

မျက်နှာပေါ်ကျလာသည့် အလင်းဖျဖျလေးကြောင့် ခွင်းနိုးလာသည်။ ခွင်း ထပြီး ဘေးကိုကြည့်လိုက်သည့်အခါ ရာက ရှိမနေ။ ရာက မနက်ဆို အစောထတတ်သည့်အတွက် ခွင်း ပြန်လှဲချလိုက်မိသည်။ သို့သော် ကုတင်ခေါင်းရင်းပေါ်ရှိ စာခေါက်လေးဆီ ခွင်း အကြည့်တို့ရောက်သွား၏။ ထို့ကြောင့် ခွင်းက ထိုစာခေါက်လေးကို ယူပြီး ဖြန့်ကြည့်လိုက်သည်။

စာရွက်ခေါက်လေးကို ဖြန့်လိုက်ချိန် မြင်လိုက်ရသည့် စာလေးကြောင့် ခွင်း မျက်ခုံးတို့ကို တွန့်ချိုးမိသွား၏။

'ယောကျာ်း.. ရာ သွားစရာလေးရှိလို့.. ညနေကျရင် ပြန်လာမယ်နော်.. ချစ်တယ်'

စာဖတ်ပြီးသည်နှင့် ခွင်း ချက်ချင်းထပြီး အလုပ်စားပွဲရှိ Laptop ကိုဖွင့်လိုက်သည်။ ထို့နောက် ဝေမင်းဆီ ဖုန်းခေါ်လိုက်၏။ ခွင်း ဖုန်းခေါ်လိုက်သည်နှင့် ဝေမင်းက ချက်ချင်းကိုင်လေသည်။

"အေး.. ပြော ခွင်း.. ကိစ္စရှိလို့လား"

"ဝေမင်း.. ငါ Data တစ်ခုကို မင်းဆီ Join ပေးလိုက်မယ်.. ငါ့ကို Tracking လိုက်ပေး"

"အိုကေ.. ပို့လိုက်ခွင်း.. ငါ အခု လုပ်ပေးမယ်"

"ကောင်းပြီ.. Tracking ရတာနဲ့ ငါ့ဆီပို့လိုက်"

"အေး အေး"

ခွင်းက ဝေမင်းဆီ Data တစ်ခုကို Join ပေးလိုက်၏။ ထို Data ကတော့ အခြားမဟုတ်... ရာ၏ ကားတွင် ခွင်းတပ်ထားသည့် GPS Tracker ဖြစ်၏။

ရာက တစ်ခုခုဆိုလျှင် ခွင်းကို ပြောနေကျ။ အခုတော့ မနက်အစောထပြီး တစ်နေရာကို ထွက်သွားလေသည်။ ဒါကို ခွင်း ဘဝင်မကျလှ။ ထို့ကြောင့် ဝေမင်းကို အကူညီတောင်းကာ ရာ သွားနေသည့် လမ်းကြောင်းကို ရှာခိုင်းလိုက်ခြင်းပင်။ ရာ၏ ကားတွင် GPS Tracker တပ်ထားမိသည့်အတွက် တော်သေးသည်ပြောရမည်။

အမုန်းနဲ့ပျိုးတဲ့ ချစ်ခြင်းအလင်္ကာ (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ