အပိုင်း - ၁၅
ရာက Peony ပန်းလေးများကြားထိုင်နေပြီး ခွင်းကတော့ ခပ်လှမ်းလှမ်းကနေ ရာကို အရိပ်တကြည့်ကြည့်လုပ်နေရ၏။ ခွင်းက ရာကို စိတ်မချ။ ထို့ကြောင့်လည်း ဒီရက်ပိုင်း ခွင်းက ဘာအရောင်းဝယ်မှ ကိုယ်တိုင်မလိုက်နိုင်။ ကိစ္စအားလုံးကို ဝေမင်းနှင့်သာ လွှဲထားတတ်သည်။
-ဂျီ ဂျီ ဂျီ-
ရာကို ကြည့်နေရင်း တဂျီဂျီတွန်းလာသည့် ဖုန်းလေးကြောင့် ခွင်းက ဖုန်းကိုင်လိုက်ရ၏။ ဖုန်းခေါ်နေသူက ဝေမင်း။
"အေး.. ဝေမင်း ပြော"
"ခွင်း... ရာ နေကောင်းလား"
ဝေမင်း၏ စကားအသွားလာကြောင့် ခွင်းရယ်ချင်မိသည်။
"နေကောင်းတယ်.. လိုရင်းကိုပြောစမ်း ဟေ့ကောင်.. မင်းပါးစပ်ဟတာနဲ့ အူဘယ်နှစ်ခွေလဲ ငါ သိပြီးသား... မနက်ဖန်အရောင်းအဝယ်မှာ ရှိုင်းကို ခေါ်သွားချင်တာ မဟုတ်လား"
ခွင်းပြောလိုက်သည့်အခါ ဝေမင်းက တဟီးဟီးနှင့်ရယ်သည်။
"ဟီး ဟီး.. မင်းကလည်းကွာ.. သိနေတာပဲကို"
"ခဏလေး... ငါ ရာကိုမေးပေးမယ်.. ရာ ထည့်ပေးရင် ခေါ်သွားလိုက်လေ"
"အေး အေး .. မေးလိုက် ခွင်း"
ခွင်းက ဖုန်းကို Mute ပြီး ရာ ထိုင်နေရာနား သွားလိုက်သည်။
"ရာ"
ခွင်း ခေါ်လိုက်သည့်အခါ ရာက ခွင်းကို လှည့်ကြည့်သည်။
"အွန်း... ရာ ဗိုက်မဆာသေးဘူး... ဘာမှမစားချင်ဘူး"
ခွင်းက ရာ၏ ဆံနွယ်လေးများကိုဖွလိုက်ပြီး ရယ်လိုက်မိ၏။ ခုတလော ခွင်းက ရာကို စိတ်ပူပြီး အချိန်ပြည့် အစားကျွေးနေမိပုံရသည်။
"မစားခိုင်းသေးပါဘူး ရာရဲ့... မနက်ဖန် အရောင်းဝယ်တစ်ခုမှာ ရှိုင်းကို ဝေမင်းက ခေါ်သွားချင်နေတယ်... ရာ ရှိုင်းကို ခိုင်းစရာရှိလား.. မရှိရင် ရှိုင်းကို ဝေမင်းနဲ့ ထည့်ပေးလိုက်မလို့"
"မရှိပါဘူး... ကိုရှိုင်းကို ကိုဝေမင်းနဲ့ ထည့်ပေးလိုက်လို့ ရပါတယ်"
ESTÁS LEYENDO
အမုန်းနဲ့ပျိုးတဲ့ ချစ်ခြင်းအလင်္ကာ (Completed)
Novela Juvenil(+ Warning) အစားထိုးထားတဲ့အရာတစ်ခုက နှလုံးသားတစ်ခုကိုခြွေဖို့ လုံလောက်ရဲ့လား...။