Part 37

20.3K 868 30
                                    

အပိုင်း - ၃၇

(လက်ရှိကာလ)

ခွင်း၏ ပါးပေါ်သို့ကျရောက်လာသည့် အနမ်းအေးအေးလေးကြောင့် ခွင်း၏ အသိအာရုံတို့က လက်ရှိကာလဆီ ပြန်ရောက်လာရ၏။

"ယောကျာ်း ဘာတွေတွေးနေတာလဲ"

ယောကျာ်းခေါ်လိုက်၊ ကိုကိုခေါ်လိုက်ဖြင့် ချွဲနေသည့် ရာကြောင့် ခွင်းမှာ အသည်းယားပြီး ဖျစ်ညှစ်ချင်စိတ်တို့က တဖွားဖွား။

"ဘာမှ မတွေးပါဘူးရာရဲ့.."

ရာက ခွင်း၏ ပေါင်ပေါ်ဝင်ထိုင်လိုက်သည့်အခါ ခွင်းက ရာ၏ ခါးလေးမှ ထိန်းကိုင်ပေးလိုက်ရသည်။

ချစ်စရာကောင်းလှသည့် ရာက ရေချိုးပြီးခါစမို့ အထိတွေ့တို့က ခပ်အေးအေး။

Bathrobe ဝတ်ထားသည့် ရာကို ခွင်း ပွေ့ချီပစ်လိုက်သည်။ ရုတ်တရက်ပွေ့ချီခံလိုက်ရသဖြင့် လန့်သွားသည့် ရာက ခွင်း၏ လည်တိုင်ကို ဖက်တွယ်လာခဲ့၏။

"အာ..အမေ့.. ကိုကို ဘာလုပ်တာလဲ"

"ရာ.. ကိုယ်လွမ်းနေပြီလေ.. ကိုယ် လိုချင်တယ်.. ရမလား"

ခွင်း ခွင့်တောင်းလိုက်သည့်အခါ ရာက မျက်လွှာလေးချသွားသည်။ ပါးနှင့် နားရွက်လေးများလည်း ချက်ချင်းဆိုသလို ရဲတက်လာကြလေသည်။

"Tiger ရှိနေတယ်လေ ကိုကို..ကလည်း"

ခွင်း ပြုံးရင်း Tiger ကို လှမ်းကြည့်လိုက်သည့်အခါ Tiger က ဟောက်သံလေးများပင် ထွက်သည်အထိ အိပ်ပျော်နေရှာ၏။

"Tiger က အိပ်နေပါတယ် ရာရဲ့"

"အာ.. သူ.. နိုး.. နိုးလာရင် ရှက်စရာကြီး"

"ရာက အသံသိပ်မထွက်နဲ့ပေါ့.. ဒါဆို ဒီကောင်ကြီး မနိုးလောက်ပါဘူး.. နိုးလာတော့လည်း ပြန်အိပ်ခိုင်းလိုက်မယ်ကွာ"

"ကိုကိုနော်.. ရာ မနက်စာ မစားရသေးဘူး"

"ကိုယ်လည်း မနက်စာ မစားရသေးဘူးလေ ရာ.. ဒါပေမယ့် ကိုယ်က ရာကိုပဲ စားချင်နေတာ.. စားခွင့်ပြုနော် ရာ"

ခွင်းက အသနားခံသည့်မျက်လုံးများဖြင့် ကြည့်လိုက်သည့်အခါ ရာက ကြာကြာခံနိုင်ရည်ရှိပုံမရ။

အမုန်းနဲ့ပျိုးတဲ့ ချစ်ခြင်းအလင်္ကာ (Completed)Donde viven las historias. Descúbrelo ahora