အပိုင်း - ၃၉
ဆေးရုံဆင်းရမည့်ရက်မှာ တိမ်ရောင်က ရွှင်ပျနေ၏။ ဒီကောင်က ရာ၏နေရာကိုသာ ယူမထားပါက အတော်လေးချစ်စရာကောင်းနေလိမ့်မည်။ တိမ်ရောင်၏ မူလရုပ်ရည်မှာ ဦးမိုးမြင့်အောင်နှင့် အတော်လေးဆင်တူသည်။ ရှိုင်းနှင့် တိမ်ရောင်တို့တွဲရိုက်ထားသည့် ဓာတ်ပုံကို ရှိုင်းက ခွင်းဆီပို့ပေးခဲ့၏။ ထို့ကြောင့် ခွင်းက တိမ်ရောင်၏ မူလရုပ်သွင်ကို မြင်ဖူးပြီးဖြစ်သည်။
ရာဟု သူ့ကိုယ်သူ သုံးနှုန်းလိုက်တိုင်း ဒီကောင်လေးကို ခွင်း အတော်ပင် သည်းခံနေရ၏။
တစ်ကိုယ်လုံးကို ဆာဂျရီလုပ်ကာ ခွင်းနားနေချင်ခဲ့သည့် ထိုကောင်လေးကို ခွင်း နားမလည်နိုင်သေး။ ရှိုင်း၏ ပြောပြချက်အရတော့ တိမ်ရောင်က အားနည်းသည်။ ထို့ကြောင့် ခွင်း၏ ကြင်ယာတော်ဖြစ်ဖို့ ထိပ်တန်းစိန်ခေါ်မှုကို ဖြတ်ကျော်နိုင်မည်မဟုတ်။ သို့ဖြစ်သည့်အတွက် ရာကို အပြင်းအထန်လေ့ကျင့်ပေးပြီး ထည့်ကျွေးလိုက်သည်။
ထိပ်တန်းစိန်ခေါ်မှုမှာ ရာသာ ကျရှုံးခဲ့ပါက ထိုကောင်လေး ဘာဆက်လုပ်မည်လဲ။ ခွင်းတွေးရင်း အူကြောင်ကြောင်နိုင်လှသည့် ထိုဇာတ်လမ်းကို ရယ်ချင်မိ၏။ သို့သော် ရာကတော့ သူ့တာဝန်သူကျေခဲ့သည်။ ကြင်ယာတော်ဖြစ်လာစေမည့် သိန်းငှက်လှောင်အိမ်ကိုဖွင့်ကာ ခွင်းဘေးကို အရောက်လာနိုင်ခဲ့၏။
အတွေးများနေစဉ် ခွင်း၏လက်မောင်းကို ဖက်တွယ်လာသည့် လက်လေးတစ်ဖက်။
"ကိုကို.. ဘာတွေ တွေးနေတာလဲဟင်"
T-Shirt အဖြူလေးနှင့် စတိုင်ပန်လေးကိုတွဲဝတ်ထားသည့် ထိုကောင်လေးက ရာ၏ မျက်နှာကိုသာ ပိုင်ဆိုင်ထားသည်။ ရာ၏ အငွေ့အသက်တွေကိုတော့ တုပနိုင်ခြင်းမရှိသေး။ အသံကိုပါ ရာနှင့်တူအောင် လုပ်ပြောရသည့် ထိုကောင်လေးအစား ခွင်းကသာ ပင်ပန်းသလို ခံစားနေရ၏။
"မတွေးပါဘူး ရာရဲ့.."
"ဟီး.. ကိုကိုက ဘယ်လိုနေနေ ချောတယ်နော်.. ခပ်ငေးငေးနေတာတောင် ခန့်ညားနေတုန်းပဲ"
"ဟုတ်လား ရာ"
"အင်း.."
"ရာက ကိုယ့်ကို အကောင်းဖက်ကကြည့်ပေးလို့နေမှာပါ"
![](https://img.wattpad.com/cover/354597677-288-k49719.jpg)
BẠN ĐANG ĐỌC
အမုန်းနဲ့ပျိုးတဲ့ ချစ်ခြင်းအလင်္ကာ (Completed)
Teen Fiction(+ Warning) အစားထိုးထားတဲ့အရာတစ်ခုက နှလုံးသားတစ်ခုကိုခြွေဖို့ လုံလောက်ရဲ့လား...။