အပိုင်း - ၃၃
Josh တစ်ယောက် တောင်ပတ်ကားလမ်းပေါ် ရောက်သွားသည့်အချိန်က ည (၇) နာရီလောက်ပင် ရှိတော့မည်။ လမ်းမပေါ် အရေးပေါ်ကားများ၊ ရဲကားများဖြင့် ရှုပ်ယှက်ခတ်နေ၏။ ကြည့်ရတာတော့ ဝေမင်းက ရှိန်လျှံခွင်းကို ရှာနေသည့်ပုံ။ Josh လေပူတစ်ချက်ကို မှုတ်ထုတ်ရင်း လမ်းပေါ်တက်လိုက်ရသည်။
"ဟေး"
Josh လှမ်းအော်လိုက်၏။
ထိုအခါ Josh ကို မြင်သွားသည့် ရဲမှူးတစ်ယောက်က ချက်ချင်းပင် တစ်ဖက်ရှိလူများကို လှမ်းခေါ်လိုက်လေ၏။
"ဟိုမှာ လူတစ်ယောက်တက်လာပြီ.. ဒီကိုလာကြ .. ဒီကိုလာခဲ့ကြ"
ထိုရဲမှူး၏ အော်သံအဆုံးမှာ ရဲတပ်ဖွဲဝင်တချို့နှင့် ဝေမင်းပါ ရောက်လာကြလေသည်။
"ဟင်.. Josh.. မင်း ဘယ်လိုလုပ်"
Josh က တောထဲမှကပ်လာသည့် အမှိုက်များကို ခပ်သွက်သွက် ခါထုတ်လိုက်ပြီးမှ စကားစပြောလိုက်၏။
"ရော့.."
Josh ကမ်းပေးလာသည်က ခါးပတ်နှစ်ခု။ ဝေမင်း ခေတ္တမျှ ဆွံ့အသွားသော်လည်း ခွင်း၏ ခါးပတ်ကို ချက်ချင်း မှတ်မိသွား၏။
"ဒါ.. ဒါ.. ခွင်းရဲ့.. ခါးပတ်ပဲ"
Josh က ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်.. နောက်တစ်ခုကတော့ ရာရဲ့ ခါးပတ်.."
"ဟင်.. ဘယ်လိုလုပ်ပြီး..ဒါတွေက မင်းဆီမှာ"
"အခု သူတို့နှစ်ယောက်က အတူတူရှိနေတယ်.. မင်းတို့ ဆင်းသွားလိုက်ကြ.. ငါ တက်လာတဲ့ လမ်းတစ်လျှောက် အမှတ်သားထားခဲ့လို့ မင်းတို့ ဆင်းသွားတာနဲ့ သူတို့ကို တွေ့ရမှာပါ"
ဝေမင်းက Josh ကို ကြည့်ပြီး တစ်ခုခုကို စဉ်းစားနေဟန်။ အတန်ကြာမှ Josh ဖက်လှည့်ပြီး မေးလာခဲ့သည်။
"မင်းရဲ့ စကားကို ဘယ်လိုလုပ် ယုံရမလဲ"
"ကျစ်စ်.. သက်သေတွေ ဒီလောက်ပေးထားတာကို မယုံရင်လည်း သဘောပဲပေါ့.. မသွားချင်လည်း မသွားနဲ့.. ရှိန်လျှံခွင်းက ပြုတ်ကျတဲ့အရှိန်နဲ့ ဒါဏ်ရာရထားတယ်.. သေသွားမှ အလောင်းသွားကောက်ချင်လည်း သဘောပဲလေ"
VOCÊ ESTÁ LENDO
အမုန်းနဲ့ပျိုးတဲ့ ချစ်ခြင်းအလင်္ကာ (Completed)
Ficção Adolescente(+ Warning) အစားထိုးထားတဲ့အရာတစ်ခုက နှလုံးသားတစ်ခုကိုခြွေဖို့ လုံလောက်ရဲ့လား...။