"မမလေးအပြင်သွားမလို့လား"
"ဟုတ်တယ် သူငယ်ချင်းအိမ်ခဏသွားမလို့ပါ။ကားဆရာကိုမပို့ခိုင်းနဲ့တော့ ဟိုအသစ်ရောက်လာတဲ့ကောင်မလေးကိုပဲခေါ်သွားလိုက်မယ်"
အပြင်သွားရန်ကားသော့ကောက်ကိုင်လိုက်သောမမလေးကိုဒေါ်အေးမြင်၍မေးလိုက်ခြင်းပင်။ဒေါ်အေး၏အသံကြောင့်ဟေသာ၏အကြည့်တစ်စုံကမမလေးထံသို့ဦးတည်သွားလေသည်။မမလေးသည်မနေ့ကကဲ့သို့အဖြူရောင်ဂါဝန်လေးကိုဝတ်ထားလေသည်။ဂါဝန်လေးဖြင့် တမူထူးခြားစွာမင်းသမီးလေးကဲ့သို့လှပနေလေတော့သည်။ဘယ်ဘက်ရင်အုံထဲကအကောင်ငယ်ဟာလည်းမြန်ဆန်စွာခုန်ပေါက်လို့နေသည်။အချိန်မည်မျှကြာအောင်ငေးနေမိသည်မသိ။ဒေါ်အေးစကားပြောလာမှပင်အကြည့်လွှဲမိတော့သည်။
"သမီးမမလေးနဲ့အပြင်လိုက်သွားရမယ်တဲ့"
"ဟုတ်ကဲ့ဒေါ်အေး"
ဟေသာဒေါ်အေးဘက်သို့လှည့်ပြောရင်းဖြင့်သူမ၏ခပ်ပြေပြေစည်းထားသောဆံပင်များအားသေချာပြင်စည်းလိုက်သည်။ထို့နောက်မမလေးနောက်မှခပ်ကွာကွာလိုက်လေသည်။ကားနားအရောက်တွင်ဟေသာခဏမျှစဉ်းစားပြီးအနောက်ခန်းတွင်သာထိုင်ရန်ဆုံးဖြတ်လိုက်သည်။အရှေ့ခန်းတွင်ကမမလေး၏ချစ်သူသာထိုင်သင့်သည်မဟုတ်ပါလား။
"ဘာတွေစဉ်းစားနေတာလဲ ဒီမှာလာထိုင်လေ"
အနောက်ခန်းတံခါးကိုကိုင်ရန်ပြင်နေသောလက်များမမလေးအပြောကြောင့်ရပ်တန့်သွားလေသည်။
"အာ.....ရပါတယ်မမလေး ဟေသာအနောက်မှာပဲထိုင်လိုက်ပါမယ် အရှေ့ခန်းမှာကမမလေးချစ်သူပဲထိုင်သင့်တယ်ထင်လို့ပါ"
"ဟာ....သွားပါပြီဟေသာရယ် ဘာလို့စိတ်ထဲကအတိုင်းပြောလိုက်မိတာလဲကွာ သေတော့မှာပဲနင်တော့လေ"
ဟေသာပြောပြီးသွားမှသူမကိုယ်သူမစိတ်ထဲမှဆူဆဲနေမိတော့သည်။သို့ရာတွင်မမလေးကဟေသာစကားကိုဟက်ခနဲပါးစပ်လှုပ်ရုံသာရီလိုက်ပြီးလေသံခပ်အေးအေးဖြင့်
"ကြောက်လို့ဘယ်သူမှတောင်အနားမကပ်ရဲတာဘယ်ကချစ်သူရှိရမှာလဲ"
YOU ARE READING
ကျွန်မရဲ့မမလေး(Completed)
Romanceမမလေးဆိုတဲ့နွံလေးထဲကနေဟေသာတော့မရုန်းထွက်နိုင်တော့ဘူးထင်ပါရဲ့။ -ပန်းဟေသာ တို့ပိုင်ဆိုင်မှုတွေကိုမမက်မောပါဘူး၊ဒါပေမဲ့ မင်းလေးကိုတော့အဆုံးရှုံးမခံနိုင်ဘူး။ပန်းကိုတော့မက်မောမိနေပြီထင်ပါတယ်လေ။ -စံထိပ်ထား ပထမဆုံးစရေးတာမို့အမှားပါသွားရင်ခွင့်လွှတ်ပါရှင့်