အပိုင်း(၆)

2.7K 107 0
                                    

"တံခွန်စောင့်ရတာကြာသွားပြီလား"

ထိပ်ထားအပေါ်တက်တက်ခြင်းသူမအားသွေးအေးစွာကြည့်နေသောသူမမောင်လေးကိုတွေ့လိုက်သည်။
တံခွန်ရဲထွဋ်တစ်ခွန်းမှပြန်မပြောဘဲထိုင်ရာမှထပြီးထိပ်ထားနားလျှောက်လာသည်။

"အဖေနဲ့အမေကိုသတ်လိုက်တာဘယ်သူလဲသိလား"

"ဘာကိုပြောချင်တာလဲတံခွန် အမနားမလည်ဘူး"

"ကျွန်တော်သတ်တာသိလား ခင်ဗျားမိဘတွေကိုကျွန်တော်သတ်တာ"

ထိုစကားကြောင့်ထိပ်ထားခြေထောက်များမခိုင်ချင်တော့။သို့ရာ‌တွင်အတတ်နိုင်ဆုံးထိန်းလိုက်ကာတံခွန်ပုခုံးကိုအသာကိုင်လိုက်ပြီး

"တံခွန်မောင်လေးဘာတွေ‌လျှောက်ပြောနေတာလဲ"

တံခွန်ပုခုံးကိုကိုင်ထားသောထိပ်ထားလက်များဖယ်ထုတ်ခြင်းခံလိုက်ရသည်။

"ကျုပ်အမပုံစံလာမလုပ်စမ်းနဲ့ ကျုပ်ကမွေးစားသားပဲမဟုတ်လား အဟက်..."

တံခွန်အသံပိုမာ‌ကြောလာသဖြင့်ထိပ်ထားကြောက်စိတ်တို့ကအလုံးအရင်းပင်။

"တံခွန်တောင်းပန်ပါတယ် အမတောင်းပန်ပါတယ်"

"တောင်းပန်ရုံနဲ့ပြီးရောလား။ကျုပ်ကိုဒီအချိန်ထိလိမ်ထားခဲ့ပြီးတော့လေ....ခင်ဗျားကသိပ်ရီရတဲ့မိန်းမပဲ"

"အမ...."

ထိပ်ထားအသံတိမ်ဝင်သွားရသည်။သူမမည်သို့ဖြေရှင်းချက်ပေးရမည်ကိုမသိ။မျက်ရည်များသာမိုးရွာသကဲ့သို့ရွာသွန်းနေသည်။

"လာငိုပြမနေနဲ့ ကျုပ်သနားမယ်ထင်လို့လား။ကျုပ်ပြောမယ်ကျုပ်လူငှားပြီးခင်ဗျားမိဘတွေကိုသတ်ခိုင်းခဲ့တာဗျ"

"မဖြစ်နိုင်ဘူး မောင်လေးဘယ်တော့မှအဲ့လိုလုပ်မှာမဟုတ်ဘူး"

"ကျုပ်လုပ်ခဲ့တယ်ဆိုရင်ကော ဒါတင်ဘယ်ကမလဲ၊ခင်ဗျားကိုအမွေပေးခဲ့တဲ့ဒီအိမ်ကိုလည်းကျုပ်စာချုပ်အတုနဲ့လုပ်ထားပြီဗျ။ဒီအိမ်ကိုကျုပ်ပိုင်ပြီ...ဟား....ဟား....ဟား"

တံခွန်သည်ထိုသို့မလုပ်မှန်းထိပ်ထားယုံကြည်ချင်သည်။ယခုတံခွန်ပုံစံကယုံကြည်လို့မရတော့၍ထိပ် ထားဒေါသကြောင့်မျက်လုံးများနီလာပြီးတံခွန်ကိုစူးစိုက်ကြည့်မိသည်။

ကျွန်မရဲ့မမလေး(Completed)Where stories live. Discover now