မြူးကြွကြွသီချင်းသံလေးနှင့်စားသောက်နေကြသူအများအပြား။အချို့ကတော့ပုံမပျက်ပင်၊အချို့ကျလေတော့မူးနေလေရဲ့။အကြည့်တချို့ကသိပ်ကိုလှပလွန်းသည့်မမလေးထံတွင်သာ။ဘေးစားပွဲမှယောက်ျားကြီးတွေလည်းမမလေးကိုသာအချိန်ပြည့်ကြည့်နေသဖြင့်ဟေသာဒေါသများထွက်လာခဲ့သည်။မမလေးလက်ကိုအကြမ်းပတမ်းကိုင်ဆွဲ၍ထစေပြီး
"ပြန်ရအောင်မမလေး"
ဟေသာ့စကားကြောင့်မမလေးမျက်လုံးများဝိုင်းစက်လို့သွားသည်။
"ဘာလို့လဲပန်း...စားလို့တောင်မပြီး..."
ထိပ်ထားစကားမဆုံးခင်တိုးကပ်လာသောဟေသာ့မျက်နှာလေးကြောင့်နှလုံးခုန်ပင်ရပ်မတန့်။ထိပ်ထားနား နားသို့ဟေသာကပ်လာပြီး
"ဒီမှာထပ်နေနေရင်ဟိုဘက်ဝိုင်းကတွေမျက်လုံးကျွတ်ကျကုန်တော့မယ်"
ဟေသာ့အပြောကြောင့်ထိပ်ထားမသိမသာလှမ်းကြည့်လိုက်ရာသူမကိုကြည့်နေကြသောအကြည့်များ။ရှက်ရှက်ဖြင့်မျက်နှာကိုအမြန်ဆုံးပြန်လွှဲလိုက်သည်။
"ပြန်မယ်လေ...ဂျေယွန်တို့ကိုနှုတ်ဆက်လိုက်ဦးမယ်"
ဟေသာကတော့မမလေးလက်ကိုမလွှတ်ပေးမိ။
"ဂျေယွန်...ငါတို့ပြန်တော့မယ်"
"မစားသွားတော့ဘူးလား"
ထိပ်ထားဟေသာကိုကြည့်လိုက်ရာတခြားနေရာကိုကြည့်ပြီးမျက်နှာတင်းမာနေသောကောင်မလေးအားတွေ့လိုက်၏။အနှီမိန်းကလေးကြည့်နေသောနေရာကိုထိပ်ထားကြည့်မိရာခဏကယောက်ျားကြီးများကိုတွေ့လိုက်ရသည်။ထိပ်ထားအနည်းငယ်ပြုံးသွား၍
"ဟို...အလုပ်ကိစ္စလေးပေါ်လာလို့ပါ"
"ဟုတ်...အမဖြေးဖြေးသွားပါဗျ"
ယခုအခါပြောလိုက်သူမှာဂျေယွန်မဟုတ် စွမ်းပင်ဖြစ်သည်။
"ဟုတ်ပါပြီရှင်...ဂျေယွန့်အမျိုးသားလေး....."
"အာ......"
ထိုသို့တစ်လုံးသာပြောပြီးဂျေယွန့်ရင်ခွင်ထဲမျက်နှာဖွက်ထားလေသည်။
"ကိုကို့ဆံပင်မှာအမှိုက်ကြီး စွမ်းဖယ်ပေးမယ်နော်......"
ရင်ခွင်ထဲမှစွမ်းဟာထွက်လာပြီးဂျေယွန့်ဆံပင်ကောက်ကောက်ပေါ်မှအမှိုက်ကိုဖယ်ရှားပေးလေသည်။
YOU ARE READING
ကျွန်မရဲ့မမလေး(Completed)
Romanceမမလေးဆိုတဲ့နွံလေးထဲကနေဟေသာတော့မရုန်းထွက်နိုင်တော့ဘူးထင်ပါရဲ့။ -ပန်းဟေသာ တို့ပိုင်ဆိုင်မှုတွေကိုမမက်မောပါဘူး၊ဒါပေမဲ့ မင်းလေးကိုတော့အဆုံးရှုံးမခံနိုင်ဘူး။ပန်းကိုတော့မက်မောမိနေပြီထင်ပါတယ်လေ။ -စံထိပ်ထား ပထမဆုံးစရေးတာမို့အမှားပါသွားရင်ခွင့်လွှတ်ပါရှင့်