Extra

2.9K 87 0
                                    

"တို့တွေရဲ့ချစ်သူသက်တမ်း၁၀နှစ်ပြည့်လေးမှာပျော်ရွှင်ပါစေ အသက်"

ပန်းပင်ရေလောင်းနေတဲ့ ဟေသာ့ရဲ့ခါးကိုဖက်ကာပုခုံးပေါ်ခေါင်းတင်ကာ ပြောနေသည့်ထားကြောင့်ဟေသာပြုံးလိုက်မိသည်။ထားနှင့်မျက်နှာချင်းဆိုင်ဖြစ်အောင်လှည့်လိုက်၍

"သူတော်တော်ကဲနော် ကလေးကောဘယ်မှာလဲ"

ကလေး??ဟုတ်တာပေါ့ ထားနဲ့ဟေသာရဲ့ကလေး ဟေသာကိုယ်တိုင်ဝမ်းနဲ့လွယ်ကာ မွေးထားရတဲ့ကလေး။သူ့နာမည်ကထားဟေမာသီရိ အသက်ကတော့တစ်နှစ်ကျော်ပေါ့။

"ပန်းနဲ့အတူတူ အပြင်သွားချင်လို့ ဒေါ်လေးနဲ့ထား ဟာ.......planလေးတော့သွားပါပြီ"

ဟောသာကြည့်မိတော့ ဒေါ်လေးနီသွေးသစ္စာလက်ထဲမှဆင်းကာ သူမတို့ဆီလှုပ်တုပ်တုပ် ဖြင့်လျှောက်လာသောကလေးလေး။ထားဆီသူမလေးရဲ့လက်ကိုဆန့်တန်းရင်း

"မာမီ မီး ခိုချီ"

စကားမပီတပီလေးဖြင့်ပြောနေတဲ့ချစ်စရာကလေးလေး။သူ့ကိုအလိုလိုက်တဲ့ထားကို ဟေသာ့ထက်ပိုတွယ်ကပ်သည်။ထိပ်ထားလည်းသူ့ကို‌ချီလိုက်ပြီးတော့

"မီးမီးက ဖွားလေးနဲ့မနေဘူးလား"

ဟေမာလေးခေါင်းခါပြတော့ ထားပြုံးပြနေပေမဲ့ရင်ထဲမှာကြေကွဲနေဆဲပင်။ဒေါ်လေး‌ထားတို့အနားလျှောက်လာပြီး

"ကလေးက ထိပ်ထားဆီသွားချင်တယ်ဆိုပြီးငိုနေလို့ ပြန်လာပို့ပေးတာ"

"ဟုတ်ဒေါ်လေး ထားတို့ကအခုအပြင်သွားမလို့"

"မီး ယည်း ယိုက်မယ်"

ပြုံးရွင်စွာပြောနေသောကလေးလေးကြောင့်ထိပ်ထားတို့ပြုံးလိုက်မိကြသည်။

"လိုက်မယ်ဆို မေမေနဲ့အဝတ်သွားလဲနော် မီးမီး"

"ဟုပ်ခဲ့ မာမီ"

ဟေသာလည်းကလေးကိုအဝတ်လဲပေးဖို့‌ထားလက်ထဲမှကလေးအားချီကာ‌ ခေါ်သွားသည်။ထိုအခါမှ ဒေါ်လေးက

"သွားdateမလို့ပေါ့ ဟေသာနဲ့"

ထိပ်ထားလည်းရီပြပြီးခေါင်းငြိမ့်ပြလိုက်တော့ ‌ဒေါ်လေးကထိပ်ထားအားစိုက်ကြည့်ကာ

ကျွန်မရဲ့မမလေး(Completed)Where stories live. Discover now