အပိုင်း(၃)

2.8K 136 0
                                    

"ခဏကဘာလို့တို့‌ ပြောတာတောင်မစောင့်ဘဲထွက်သွားရတာလဲ။အဲ့ဒါမို့ တို့ပြောသားပဲပျင်းနေမှာပါလို့"

အိမ်ဘက်ကိုကျောပေးထားပြီးကားဘေးတွင်ထိုင်နေသောကောင်မလေးကိုတွေ့၍အလွန်သိချင်နေသောကြောင့်မေးလိုက်ခြင်းပင်။

"ပျင်းလို့မဟုတ်ပါဘူးမမလေး ဟိုလေ......ဟေသာအသက်ရှုနည်းနည်းကြပ်သွားလို့ လေကောင်းလေသန့်ထွက်ရှုချင်လို့ပါ ဟေသာတောင်းပန်ပါတယ်နော်မမလေး"

ဟေသာအဖြူရောင်မုသားစကားလေးကိုသာဆိုလိုက်‌လေသည်။အမှန်တရားကိုတော့စိတ်ထဲ၌သာသိမ်းထားလိုက်သည်။ရင်ထဲ၌တော့မငိုမိအောင်သက်ပြင်းကိုအကြိမ်ကြိမ်ချနေမိသည်။

"အင်း....ရတယ်။ဒါနဲ့ဘာတွေလုပ်...အား…......သူ့ကိုမောင်းထုတ်ပေး...."

သူမဘက်ကိုမကြည့်ဘဲစကားပြောသည့်ထိုကောင်မလေးကြောင့်မေးနေသည့်စကားပင်မဆုံးလိုက်ရ။ခွေးကလေးတစ်ကောင်ကိုတွေ့လိုက်သောကြောင့်သူမမျက်နှာကိုလက်ဖြင့်အုပ်၍အော်နေလိုက်သည်။ထိပ်ထားခွေးကိုအလွန်တရာပင်ကြောက်နေသည်။
မိမိအရှေ့မှမမလေးပုံစံကိုမြင်တော့ဟေသာရီရမလို ငိုရမလိုပင်ဖြစ်နေသည်။ရီချင်စိတ်ကိုအတင်းအောင့်ပြီးကိုယ့်နှုတ်ခမ်းကိုယ်ဖိကိုက်လိုက်သည်။

"သူ့ကိုခေါ်သွား.......သူ့ကိုမောင်းထုတ်ပေးပါဆို တို့ပြောနေတာမကြားဘူးလား"

ခွေးလေးကမမလေးရှိရာဘက်သို့သွား၍နှာခေါင်းတရှုံ့ရှုံ့လုပ်နေသောကြောင့်မမလေးထပ်အော်လေသည်။ထိုအခါဟေသာရီချင်စိတ်ကိုအောင့်မရတော့ဘဲရီချလိုက်ပြီးခွေးလေးကိုအဝေးသို့မောင်းထုတ်ပေးလိုက်ရာမမလေး၏မျက်စောင်းများကျရောက်လာတော့သည်။

          ×××××××××××××××××××××

ဟေသာအပြင်တွင်ထွက်နေတုန်းခွေးတစ်ကောင်သူမအနားသို့ရောက်လာသောကြောင့်ခွေးချစ်သူပီပီအရှေ့မှမုန့်ဆိုင်တွင်ပေါင်မုန့်ဝယ်ပြီးကျွေးနေလိုက်ခြင်းဖြစ်‌သည်။
ခွေးထွက်သွားသောအချိန်မှသာမမလေးအနားသွားလိုက်သည်။မမလေး၏မျက်နှာကိုအုပ်ထားသည့်လက်များကိုတော့မဖယ်သေးချေ။

ကျွန်မရဲ့မမလေး(Completed)Where stories live. Discover now