အပိုင်း(၁၆)

4K 121 0
                                        

သွေးပြောတာ‌ ဟေသာတိတ်ဆိတ်စွာသေချာနား‌ထောင်နေပြီး အကြောင်းစုံသိသွားသောအခါမှ

"ဒေါ်အေးပြောတာအခုမှနားလည်တော့တယ်"

"ဒေါ်အေးကဘာပြောတာလဲ"

"ကိုယ်ချစ်ရတဲ့သူနဲ့နီးရက်နဲ့အဝေးကနေပဲငေးနေရတာတဲ့"

"ဟင်း......ဟုတ်တယ် ကိုယ်တို့‌အကြောင်းကိုဒေါ်အေးပဲသိတာ"

သွေးပြောရင်းဖြင့်အတွေးကမ္ဘာထဲရောက်သွားပြန်သောကြောင့်ဟေသာအတွေးဖြတ်တောက်ပေးရသည်။

"ထားနဲ့ပူးပေါင်းမယ်ဆိုတာကကော လုပ်ဇာတ်ပဲလား"

"မဟုတ်ဘူး ကိုယ့်ဆီစာရောက်လာတယ်စန္ဒာဆီက"

ဟေသာနားမလည်သဖြင့်သွေးကိုကြည့်လိုက်တော့

"အိုး....ကိုယ်ပြောဖို့ကျန်သွားတာ လွှာတို့လက်ထက်ပြီးနောက်နှစ်နည်းနည်းကြာတော့ကလေးတွေနဲ့နိုင်ငံခြားထွက်သွားတယ် စန္ဒာလည်းနိုင်ငံခြားမှာအလုပ်လုပ်နေတာပဲ ကိုယ်ကမသွားချင်လို့နေခဲ့တာ အဆက်အသွယ်လည်းပြတ်သွားတယ် လွှာတို့ဆုံးပြီး ကြာတော့စန္ဒာကတို့ဆီ လွှာပေးထားတဲ့စာပါးခဲ့တာ လမ်းအခြေအနေတွေကြောင့်အခုမှရောက်လာတာ"

‌သွေး လွှာ့အကြောင်းပြောရင်းမျက်ရည်ကအလိုလိုကျလာပြန်သည်။သို့ရာတွင်လွှာ သူ့ရဲ့အခုပုံစံကိုမြင်ချင်မည်မထင်သောကြောင့်ချက်ချင်းပြန်ပြင်လိုက်သည်။ထိုမျှ မြတ်နိုးခဲ့ရပါတယ်လွှာ......

"ဘာစာလဲ ဟေသာကိုပြောပြပါလား"

သက်ပြင်းအသာချလိုက်ပြီး ဟေသာ့ကိုကြည့်လိုက်ကာ

"Boss ‌‌သွေးဆိုတဲ့နာမည်နဲ့စာရောက်လာပါတယ်"

ဝန်ထမ်းတစ်ယောက်လာပြောမှုကြောင့်‌သွေး ပြေးမြင်လိုက်မိတာကလွှာ။ဘယ်လိုဖြစ်နိုင်မှာလဲလေ လွှာကဆုံးသွားပြီပဲ။

"အင်း ယူခဲ့လိုက်"

"ဒီမှာပါ boss"

စာအိတ်ထဲမှာစာရွက်နှစ်ရွက်ပါလာတော့စာရွက်အသေးလေးကိုအရင် ထုတ်လိုက်သည်။စာထဲတွင်ရေးထားသည်ကား

"သစ္စာ မဝတ်လွှာဆုံးသွားတာသိပြီးသားဖြစ်မှာပါ မဆုံးခင်ငါ့ကိုစာပေးထားခဲ့တယ် မင်းဖတ်ကြည့်ပြီးရင်သူ့ကိုနားလည်သွားမှာပါ"

ကျွန်မရဲ့မမလေး(Completed)Where stories live. Discover now