အပိုင်း(၁၂)

1.9K 76 0
                                    

ဒီနေ့ကထားနဲ့ဟေသာ့ရဲ့ ချစ်သူသက်တမ်း၁နှစ်ပြည့်လေးမို့ရုပ်ရှင်ကြည့်သွားဖို့ စိတ်ကူးထားသည်။အိမ်ရှိလူအားလုံးကိုလည်း အိမ်ပြန်ခွင့်‌ပေးထားသည်။

"ထား သွားတော့မလား"

ထိပ်ထားက ဟေသာ့ကိုငေးကြည့်နေရာမှအသက်ပြန်ဝင်လာဟန်။

"သွားကြမယ်လေ"

အိမ်ပြင်ထွက်ခါနီး အိမ်ထဲအပြေးဝင်လာတဲ့ဇေပိုင်ကို တွေ့ရသဖြင့်စိတ်ရှုပ်သွားရသည်။ကျစ်.....ပန်းလေးနဲ့အပြင်ထွက်မယ်ဆိုမှ အဲ့အလုပ်တွေကြီးဘဲ။

"ဇေပိုင် ဘာကိစ္စလဲ"

"ဟိုလေ...... မမလေး"

အချိန်ဆွဲနေသောဇေပိုင်ကြောင့်ထိပ်ထားစိတ်မရှည်စွာ

"ပြောစရာရှိတာကို ပြောပါ"

"နှစ်ယောက်ထဲပြောလို့ရမလား မမလေး အရေးကြီးလို့ပါ"

‌ထိုစကားကြောင့်စိတ်တိုဟန်ဖြစ်သွားသော ထိပ်ထားလက်ကို ဟေသာအသာကိုင်ပြီး လိုက်သွားဖို့အမူအရာပြလိုက်သည်။

"ဟုတ်ပြီ ဟိုဘက်သွားရအောင် တို့ပြန်လာခဲ့မယ်နော်"

ဇေပိုင်ဖြင့်ပြောနေရင်းဟေသာဘက်လှည့်ပြောသော ထားကြောင့်ဟေသာပြုံးပြလိုက်သည်။အပြုံးများကသိပ်အသက်မပါတော့ချေ။ဟေသာရင်ဆိုင်ရတော့မည့်အရာများကိုသိနေတော့ ရင်ထဲဝောာ့သိပ်အဆင်မပြေလှ။ခွဲရတော့မှာတဲ့လားအချစ်ရယ်။
ဟေသာကားစက်နိုးသံကြောင့်ဇေပိုင်ပြန်သွားပြီကိုသိလိုက်သည်။ခြေသံများလည်းကြားနေရပြန်ပြီ။ထိုခြေသံဟာမကြည့်ရင်တောင် ထားခြေသံမှန်းအတပ်သိသည်။ခေါင်းကိုအောက်ကိုသာငုံ့ထားမိသည်။ထားကိုကြည့်ပြီးရင်မဆိုင်ဝံ့။ရင်ဘက်ထဲမှာလည်းပေါက်ကွဲမလိုခုန်နေသည်။‌စိုးရိမ် ဝမ်းနည်းစိတ်ကြောင့်ဖြစ်လိမ့်မည်။

"အောက်ကိုငုံ့ထားတယ်ဆိုတော့ ကိုယ့်ဟာကိုတော့သိသားပဲ‌ ပန်းဟေသာ အဟက်"

ပန်းဟေသာတဲ့လားထားရယ်။မျက်ရည်ပေါက်များဟာလည်း‌ မြေကြီးပေါ်သို့တစ်ပေါက်ပေါက်။

"ပျော်ရဲ့လား တို့ အာ....မဟုတ်ဘူး ငါ့ကိုအခုလိုဆွဲချရတာ တော်တော်မှပျော်ရဲ့လား"

ကျွန်မရဲ့မမလေး(Completed)Where stories live. Discover now