အပိုင်း(၉)

3.4K 115 0
                                        

"ဒေါက်ဒေါက်"

ထိပ်ထားရုံးခန်းထဲအလုပ်လုပ်နေရင်းတံခါးခေါက်သံကြားတော့တံခါးဆီကိုအကြည့်ဦးတည်လိုက်ပြီးအပြုံးရိပ်လေးသန်းသွားရသည်။

"ဝင်ခဲ့ပါ"

တုန့်ပြန်သံကြားတော့တံခါးဖွင့်ပြီးဝင်လာသူမှာသူမသိပ်ချစ်ရတဲ့ချစ်သူလေး။

"မမလေးခေါ်တယ်ဆိုလို့ပါ"

မမလေးလို့ခေါ်သောကြောင့်အပြုံးလေးတွေပျောက်ပြီးနှုတ်ခမ်းထော်လာခဲ့သည်။ဟေသာကတော့ထိပ်ထားပုံစံကိုနားမလည်နိုင်ဖြစ်နေလေသည်။

"မမလေးဘာလိုလို့လဲဟင်"

"မမလေးလို့ဆိုနေ"

မမလေးလို့ဆက်ခေါ်နေသဖြင့်ထိပ်ထားထိုင်ခုံမှထရပ်လိုက်ပြီးကျောပေးလိုက်သည်။

"ဟွန့်"

ဟေသာကအခုမှနားလည်သွားဟန်။ထိပ်ထားတစ်ဖက်လှည့်နေတုန်းခါးပေါ်ရောက်လာတဲ့နူးညံ့တဲ့အထိအတွေ့ကြောင့်ပြုံးလိုက်ပြီးချက်ချင်းပြန်တည်လိုက်သည်။

"ထား.....စိတ်မဆိုးပါနဲ့နော်"

ထိပ်ထားဆီမှဖြေသံမကြားရ။ဟေသာလည်းအလျော့မပေးပဲပိုတင်းကြပ်အောင်ဖက်ထားလိုက်ပြီး

"အချစ်ရယ်....တောင်းပန်ပါတယ်လို့နော်....အဟင့်..."

ဟေသာဆီမှရှိုက်သံထွက်လာတော့ထိပ်ထားမနေနိုင်တော့ပဲမျက်နှာချင်းဆိုင်လှည့်လိုက်သည်။‌ထိပ်ထားတွေ့လိုက်ရတာကတော့မျက်နှာလေးနီနေပြီးမျက်လုံးကိုလက်ဖြင့်အုပ်ထားတဲ့ချစ်စရာကလေးပေါက်လေးလိုပင်။

"အို...ငိုနေတာလှလည်းမလှပဲနဲ့ကော"

ထိပ်ထားမချော့ဘဲစလိုက်တော့သူမလက်သီးလေးဆုတ်ပြီးလာထုလေရဲ့။ချစ်ဖို့‌ကောင်းလိုက်လေခြင်း။

"ဟင့်....အဟင့်......ဟင့်"

မတိတ်သေးဘဲပို‌ငိုနေသောက‌လေးမလေးအားရင်ခွင်ထဲဆွဲထည့်လိုက်ပြီးခေါင်းလေးကိုငုံ့နမ်းလိုက်တော့ခေါင်းလေးထောင်လာသည်။

"တို့ကစတာပါ၊ပန်းလေးကငိုနေရင်တောင်တို့အတွက်ချစ်စရာလေးပဲသိရဲ့လား...ချစ်တယ်နော်"

ကျွန်မရဲ့မမလေး(Completed)Where stories live. Discover now