အပိုင်း(၁၄)

3.5K 106 2
                                        

သွေးတို့ကန်တင်းမှာထမင်းစားနေတုန်းမမလွှာကို တွေ့လိုက်တော့ပြုံးပြီး စိုက်ကြည့်နေမိသည်။

"ဟဲ့ သစ္စာ မျက်လုံးလည်းကျွတ်ကျသွားဦးမယ်"

သွေးရှက်ရှက်ဖြင့်အကြည့်လွှဲပြီးစန္ဒာကို ရိုက်လိုက်သည်။ထိုစဉ်မမလွှာသူ့တို့ရှိရာစားပွဲနားရောက်လာပြီး

"မမဒီမှာ ထိုင်မယ်နော် ရလား"

သွေးခေါင်းငုံ့ထားတော့ လွှာ စန္ဒာကိုသာမေးရာ

"ဟုတ် ရတယ် အမဝတ်လွှာ"

"ဟော ‌တို့ကိုသိတယ်လား?"

"သိတာပေါ့ အမကလှတော့နာမည်ကြီးပဲလေ ဟီးဟီး"

"ဟုတ်ပါပြီရှင်"

သွေးခေါင်းပြန်မဖော်ဘဲ မမလွှာတို့ပြောတာနားထောင်နေသည်။မမလွှာကအားလုံးနဲ့အဲ့လိုပဲ ထင်ပါတယ်။ငါအတွေးလွန်သွားခဲ့တာပဲ။

"ဒါနဲ့သွေး"

သွေးသူ့နာမည်ကြားတော့ခေါင်းထောင်ကြည့်လိုက်ရာသူ့ကိုကြည့်နေသည့်မမလွှာကိုတွေ့ရသည်။

"ဟုတ်မမလွှာ"

ဘေးကစန္ဒာကတော့ပြုံးစိစိဖြင့်သာ။

"အောက်မှာဘာရှိလို့ကြည့်နေတာလဲ တစ်ခုခုပျောက်သွားလို့လား"

"အာ....."

"သူရှက်နေလို့ အမဝတ်လွှာ"

သွေးစဉ်းစားနေတုန်းစန္ဒာလုဖြေလိုက်သည်။ဒီစန္ဒာမနဲ့တော့ခက်ပြီ။

"ဘာရှက်နေတာလဲသွေးက"

"ဟို အဲ့စန္ဒာမ စနေလို့"

သွေးစန္ဒာမဖြေခင်ဦးစွာဖြေလိုက်တော့မမလွှာကရယ်နေလေသည်။

"စတာနဲ့ရှက်တယ်ဆိုတော့ ကောင်လေးအကြောင်းများလား...."

"မဟုတ်တာ မမလွှာကလည်း"

"ကောင်လေးမရှိဘူးပေါ့လေ"

"သူလားရှိမှာ သူကစာဂျပိုးလေ အမဝတ်လွှာ‌ ရှိခြင်းရှိ စာတွေချည်းပဲရှိမှာ"

မမလွှာကရယ်နေပြန်သည်။ဒီလိုပုံစံနဲ့ဆိုမမလွှာကိုစိတ်မချနိုင်တော့ဘူး သူများတွေကိုရယ်ပြနေရင်ခက်သား။

ကျွန်မရဲ့မမလေး(Completed)Where stories live. Discover now