ဇာတ်သိမ်းပိုင်း

3.6K 110 4
                                    

လမ်းအလယ်ခေါင်တွင်ရပ်နေပြီး ပတ်ဝန်းကျင်တစ်ဝိုက်မျက်စိကစားနေတဲ့မိန်းကလေးတစ်ဦး။ထို့နောက်ဝမ်းနည်း လွမ်းဆွတ်နေသည့်မျက်ဝန်းအစုံတို့ဖြင့်ပြုံးလိုက်တဲ့သူမ။လမ်းသွားလမ်းလာများကြားထဲတွင်အများသူငှာနည်းတူ ဂါဝန်လေးဖြင့်လှပနေသည်။ထို့နောက်စကားလေးတစ်ခွန်းကို တစ်ယောက်တည်းတီးတိုးရေရွတ်လိုက်သည်။

"အစစအရာရာပြောင်းလဲသွားတာပဲ ဒါပေမဲ့သူရော.....၄နှစ်တောင်ကြာသွားပြီပဲ သူလည်းပြောင်းလဲလောက်ရောပေါ့"

ထို မိန်းကလေးအကြည့်တို့တစ်နေရာအရောက်တွင်ရပ်တန့်ကုန်သည်။ယင်းမိန်းက‌လေးကိုတစ်စုံတစ်ယောက်ညို့ယူသွား၏။ထိုလူဖြင့်အကြည့်စုံသွားခိုက် အမည်နာမတစ်ခုကိုပါးစပ်လှုပ်ရုံမျှ ခေါ်လိုက်ပြီး အကြည့်လွှဲကာအဝေးတစ်နေရာကိုထွက်သွားရန်ခြေလှမ်းပြင်လိုက်သည်။သို့ရာတွင်အနောက်မှတစ်စုံတစ်ဦး၏လှမ်းဆွဲခြင်းခံလိုက်ရသည်။ထိုလူသည်ကား.......

ထား ပန်းကိုလက်မလျှော့ဘဲ နေ့စဉ်မပြတ်လိုက်ရှာဖြစ်သည်။သို့သော်company ဘက်တွင်လည်းမလျှော့သွား။သူမကသိပ်တော်တဲ့သူမဟုတ်ပါလား။သူမ ယနေ့လည်းယခင်နေ့များကဲ့သို့ ပန်း သွားတတ်သောနေရာများကိုလိုက်ရှာရာ တွေ့လိုက်ရသည့်ကောင်မလေးတစ်ယောက်။ပန်းများလား.... ဘာလို့အဲ့လောက်တူနေနိုင်ရတာလဲ။ထိပ်ထားဘက်လှည့်လာတော့ သေချာကြည့်မိသောအခါ အမည်နာမတစ်ခုကိုရေရွတ်နေသည်ကိုတွေ့ရသည်။အသံမထွက်သော်လည်းစိတ်ချင်းဆက်နေသဖြင့်ထိပ်ထားသေချာပေါက်ထိုအသံကိုကြားလိုက်ရသည်။ထိပ်ထားလည်းအချိန်မဆွဲဘဲထိုနေရာသို့ ခပ်သွက်သွက်လျှောက်သွားပြီးထိုမိန်းမငယ်‌လေးအားရင်ခွင်ထဲသို့ဆွဲသွင်းလိုက်မိသည်။

"ပန်း.... ပြန်လာပြီပေါ့နော် ထပ်မခွဲပါရစေနဲ့တော့လား ပန်းရယ်"

ရင်ခွင်ထဲမှချစ်စဖွယ်လူသားလေးကိုပိုမိုတင်းကြပ်စွာ တိုးဖက်လိုက်တော့အနှီအကောင်ပေါက်လေးကအတင်းရုန်းကန်လာတော့ရင်ခွင်ထဲမှထုတ်ပေးလိုက်သည်။သို့ရာတွင် လက်ကိုတော့မလွှတ်ပေးမိ။ဘာကြောင့်ဆိုထားသိတယ်လေ ထားလွှတ်မေးမိရင်ထပ်ထွက်သွားဦးမယ်ဆိုတာ။မထွက်သွားအောင်အခုကစပြီးချုပ်‌ထားတော့မယ်ပန်းလေးရေ။ရုန်းချင်သလိုရုန်းပါ တို့စိတ်မတိုဘူး ဒါပေမဲ့မထွက်သွားပါနဲ့တော့။

ကျွန်မရဲ့မမလေး(Completed)Where stories live. Discover now