အပိုင်း(၁၅)

1.9K 74 0
                                    

သွေးနဲ့ စန္ဒာ ကျောင်းပြီးလို့ company တစ်ခုတွင်အလုပ်ဝင်နေပြီးလွှာကလည်းတခြားမှာအလုပ်ဝင်နေသည်။သွေးတို့နှစ်ယောက်အလုပ်ကိစ္စကြောင့် ချက်ချင်းခရီးသွားရတာကြောင့် လွှာကိုပင်ပြောချိန်မရခဲ့။ဟိုရောက်မှပြောမယ်တွေးထားခဲ့ပေမဲ့လိုင်းမရတဲ့ဘက် ရောက်နေသောကြောင့်လွှာစိတ်ကောက်မှာလည်းဆိုးရသေးသည်။လွှာက သွေးထက်အသက်သာကြီးတယ် ကလေးဆန်ဝာာမှပြောမနေနဲ့။သွေးတို့တွဲတဲ့ တစ်နှစ်အတွင်း‌ သွေးချွဲတာကနည်းနည်း လွှာချွဲတာကများများရယ်။

"သစ္စာ နင်နဲ့ မဝတ်လွှာတွဲတာကြာနေပြီ မိဘတွေကိုမပြောသေးဘူးလား"

စန္ဒာ စကားကြောင့်သွေး အချိန်အတော်ကြာစဉ်းစားနေပြီးမှ

"အခုပြန်ရောက်ရင် မာမီတို့နဲ့တွေ့ပေးပြီးစေ့စပ်ထားမလားလို့ ငါက ဒါပေမဲ့လွှာ့သဘောပါ"

"မယက ဖြစ်မှာနင်တော့ သေချာနေပြီ"

"ကြောက်တာမဟုတ်ဘူး ချစ်တာ"

"အဲ့ဒါ မယက‌ တွေရဲ့လက်သုံးစကားလေ"

သူမတို့နှစ်ယောက်အားရပါးရ ရယ်မောလိုက်ကြသည်။သွေးကတော့ လွှာရဲ့ဆုံးဖြတ်ချက်အတွက် ကြိုတင်ရင်ခုန်နေရသည်။သူမမသိလိုက်တာကတော့.....

"ဖုန်းကိုင်ပါ လွှာရယ်"

ပြန်ရောက်ရောက်ချင်း လွှာ့အိမ်မှာရှာတော့လည်းမရှိ ဖုန်းလည်းမကိုင်တော့ကြောင့် သွေးတစ်ယောက်ပူထူနေရသည်။ရှာမရတဲ့အဆုံးလက်လျှော့ပြီးအိမ်ပြန်လာတော့သူမ မောင်လေးသူရိန်ရဲထွဋ်ကိုတွေ့ရသည်။သူ့မျက်နှာကပြုံးရွှင်လို့နေသည်။

"ဘာတွေများပျော်နေတာလဲ သူရိန်"

သွေးပြောတော့ သူရိန်ကအံ့ဩနေသည့်ပုံပင်။

"ဟာ...မမ ကလည်း နောက်အပတ်ထဲလက်ထက်ရတော့မှာပါဆို ပျော်တာပေါ့လို့"

ယခုအခါအံ့ဩရသူမှာသွေးပင်။ချစ်သူတောင်မရှိတဲ့ မောင်‌ဖြစ်သူကလက်ထက်မယ်တဲ့ ဘယ်လောက်ရီရတဲ့ဟာသလည်း။သွေးကိုဘာလို့မပြောကြတာပါလိမ့်

"စိတ်ညစ်နေရတဲ့ထဲ မနှောက်စမ်းပါနဲ့သူရိန်ရယ်"

"မ ကမပြောထားသေးဘူးလား ကျွန်တော်က မမသိပြီးပြီထင်တာ"

ကျွန်မရဲ့မမလေး(Completed)Where stories live. Discover now