အပိုင်း(၁၀)

2.1K 78 0
                                    

"မမလေးဧည့်ခန်းထဲမှာဧည့်သည်ရောက်နေပါတယ်"

ဟေသာတို့ပြန်ရောက်ရောက်ချင်း ဒေါ်အေးပြောလိုက်၏။

"အင်း.....လာခဲ့ပါမယ်"

ဒေါ်အေးထွက်သွားမှထိပ်ထားဟေသာ့ဘက်လှည့်ကြည်ကာပြုံးပြလိုက်ပြီး

"ကဲ.....ပန်းလေးသွားနားတော့လေ တို့သွားတွေ့လိုက်ဦးမယ် ဘယ်သူများလဲပါ့"

"ဟေသာ ဧည့်သည်အတွက်ဖျော်ရည်သွားယူလာခဲ့မယ်နော်"

"တို့ကအသက်ပင်ပန်းမှာစိုးလို့ပါ အွန်းပါလေ ‌တားမရဘူးဆို‌တော့လဲ"

ဟေသာမှ ထိပ်ထားလက်ကိုအသာကိုင်ပြီး

"မပင်ပန်းပါဘူးထားရယ်....နော်.."

ကိုင်ထားတဲ့လက်ကလေးကိုနမ်းပြီးပြောလိုက်တော့ မျက်လုံးလေးများပိတ်သည်အထိပြုံးပြသွားပြီး ဧည့်ခန်းထဲဝင်သွား‌လေရဲ့။

"ထားကတော့လေ....ချစ်စရာကောင်းအောင်"

ဟေသာလည်းစိတ်ထဲကရေရွတ်ရင်းဖျော်ရည်ဖျော်ဖို့မီးဖိုထဲဝင်သွားလိုက်သည်။

ဧည့်ခန်းထဲတွင်......

"ကျွတ်ကျွတ်......သနားစရာထိပ်ထား‌လေးပါလား တစ်ခုတည်းသောမိဘပိုင်company‌တောင်ပြိုလဲတော့မယ် အဲ့ဒါမို့ပြောပါတယ် ကိုယ့်ကိုလက်ထက်ပြီး companyနှစ်ခုပူးပေါင်းဖို့ကို"

ရွံစရာကောင်းအောင်ပြောနေတဲ့သူကိုထိပ်ထားစိတ်ပျက်စွာကြည့်လိုက်ပြီး

"အဲ့ဒါပြောမလို့ဆို ငါမအားဘူးရှိုင်းဝဏ္ဏ တချို့လူတွေလိုအားယား‌မနေဘူးလေ အလုပ်ရှိသေးတယ်"

ထိပ်ထားရွဲ့ပြောတော့ရှိုင်းဝဏ္ဏတစ်ယောက်စိတ်တိုပြီးမျက်နှာကြီးကိုနီရဲလို့ပင်။

"ထိပ်ထားတို့များ ဒီလောက်ဖြစ်နေတာတောင် မာနကြီးနိုင်တုန်းနော် အော်.....ငါကြိုက်တဲ့သူဆိုတော့လည်းအဲ့လောက်တော့ရှိမှာပေါ့လေ"

"စိတ်ပျက်စရာတွေပြောနေမဲ့အစားပြန်လိုက်တော့ လိုက်ပို့ဖို့မလိုလောက်ဘူးထင်တယ်"

ပြောပြီးထိုင်ရာမှထဖို့လုပ်နေတဲ့ထိပ်ထားလက်ကိုဆွဲထားလိုက်တော့ထိပ်ထားရုန်းနေပေမဲ့ ယောကျ်ားလေးအားမို့မရုန်းနိုင်ပေ။

ကျွန်မရဲ့မမလေး(Completed)Where stories live. Discover now