အပိုင်း(၈)

2.2K 91 0
                                    

"မမလေးကကိုရဲမာန်သစ်ကိုဒါပေးခိုင်းခဲ့လို့ပါ"

ရဲမာန်သစ်ဆိုတာမမလေးcompanyကဝန်ထမ်းပေါ့။တစ်နည်းအားဖြင့်လုပ်သက်အကြာဆုံးသူ။

"ဟုတ်ပြီညီမလေး"

ဟေသာပြောပြီးပြန်ထွက်ရန်ပြင်တော့ရဲမာန်သစ်ကဟေသာ့လက်ကိုဆွဲလိုက်ပြီး

"ညီမလေးကိုအစ်ကိုမေးစရာလေးရှိလို့"

ဟေသာရုတ်တရက်ဆိုတော့လက်ကိုမဖယ်လိုက်မိဘဲရဲမာန်ဘက်လှည့်လိုက်ပြီး

"ဟုတ်ကဲ့မေးပါအစ်ကို"

"ဟိုလေ...ဟို...မမလေး"

"မမလေးကဘာဖြစ်လို့လဲအစ်ကို"

ရဲမာန်ကသူ့လည်ပင်းကိုပွတ်နေပြီးစကားမထွက်လာသဖြင့်ဟေသာစကားထောက်ပေးလိုက်ရသည်။

"မမလေးမှာ‌...အင်း....ဟို...ချစ်သူရှိလားလို့မေးမလို့ပါ"

"ဟိုဟာညီမနဲ့မမလေးကရင်းနှီးတယ်ဆိုတော့လေ"

ဟေသာစကားမထွက်လာသဖြင့်ရဲမာန်ကစကားထပ်ဖြည့်ပြောလိုက်သည်။

"အဲ့တာတော့ဟေသာလည်းမသိဘူးအစ်ကို။မမလေးကမမလေးအကြောင်းတွေသိပ်မပြောဘူး"

"အော်ဟုတ်ပါပြီညီမလေး။ကျေးဇူးပါနော်"

"ရပါတယ်အစ်ကို"

ဟေသာဟန်ဆောင်ပြုံးပြီးပြောလိုက်ရင်းဖြင့်ကျောချမ်းသလိုဖြစ်လာသဖြင့်အနောက်လှည့်ကြည့်လိုက်ရာမမလေးသူမအားမီးတောက်မျက်လုံးများဖြင့်ကြည့်နေသည်ကိုတွေ့လိုက်ရသည်။

"ဟေသာသွားတော့မယ်နော်အစ်ကို"

ဟေသာရဲမာန်ရဲ့စကားကိုပင်မစောင့်နိုင်တော့ဘဲလက်ကိုဖယ်ပြီးမမလေးနောက်ပြေးလိုက်ရာမမလေးကရုံးခန်းထဲဝင်သွားသည်။ဟေသာလည်းမမလေးရုံးခန်းတံခါးမပိတ်ခင်အမြန်ပင်လိုက်ဝင်သွားပြီးအသံတွေအပြင်ကကြားကုန်မည်စိုး၍လိုက်ကာတွေ၊တံခါး‌တွေဆွဲပိတ်လိုက်သည်။

"မမလေး...."

ဟေသာအပြောကိုမမလေးဂရုမစိုက်ဘဲsofaတွင်သာတစ်ဖက်လှည့်ပြီးထိုင်နေသည်။ဟေသာလည်းမမလေးအနားသွားလိုက်ပြီးမမလေးပုခုံးမှအသာကိုင်ပြီးသူမဘက်လှည့်စေရာမမလေးမျက်အိမ်တွင်မျက်ရည် ဥများခိုတွဲနေသည်ကိုတွေ့ရသည်။

ကျွန်မရဲ့မမလေး(Completed)Where stories live. Discover now