အပိုင်း(၁၃)

3.4K 96 0
                                        

*အတိတ်ကိုအတူတူသွားလိုက်ကြ‌ရအောင်*

"သစ္စာ ဟိုကိုကြည့်ကြည့်ဦး"

"ဘာလဲစန္ဒာ ရာ........"

"ကြည့်ကြည့်ပါဆို"

စီးပွားရေးတက္ကသိုလ်က ကန်တင်းမှာထိုင်နေတုန်းပြောလာတဲ့သူငယ်ချင်းဖြစ်သူကြောင့်မကြည့်ချင်လည်းကြည့်ရတော့သည်။မဟုတ်လျှင်ထိုတစ်ယောက်ရစ်လို့ပြီးမည်မဟုတ်။ကောင်လေးရှာပါဆိုဝောာ့လည်းမရှာ။သူမကိုလည်းလာ လာရစ်နေသည်။

"လှလိုက်တာ"

လှည့်ကြည့်လိုက်တော့မြင်လိုက်ရသည့်မြင်ကွင်းကြောင့်သွေး တီးတိုးရေရွတ်မိသည်။မြန်မာဆန်ဆန်ဝတ်ဆင်ထားပြီး‌ခါးလောက်ရှိကာဖြောင့်စင်းနေသည့်ဆံနွယ်တွေ။လေတစ်ချက်ဝေ့လိုက်တိုင်းယိမ်းနွဲ့သွားတဲ့ဆံနွယ်တွေက ‌မြတ်နိုးချင်စရာ။

"ဟဲ့ သစ္စာ ကမနော် ပြောတော့မကြည့်ချင်ဘူးလေးဘာလေးနဲ့ အခုတော့ကြည့်နေလိုက်တာများနော် ဟွန်းဟွန်း ငါသိနေတယ်နော်"

"ဘာသိတာလဲ နင်ပဲကြည့်ဆိုလို့ကြည့်တာကို"

သူငယ်ချင်းစနေမှုကြောင့်သွေး ပေါ်တင်ငြင်းရတော့သည်။မငြင်းရင် စန္ဒာမကတစ်သက်လုံးစလို့ပြီးမည်မထင်။သွေးကစာကိုပဲအာရုံစိုက်ထားတာမို့ ပတ်ဝန်းကျင်ကိုစိတ်သိပ်မဝင်စား။ဒါကြောင့်သူငယ်ချင်းဆို၍စန္ဒာတစ်ယောက်သာ။ရည်းစားဆိုလျှင် မူးလို့ပင်ရှူစရာမရှိ။

"ထားပါ ထားပါ သူအကြောင်းမသိချင်ဘူးလား"

"မသိချင်ပါဘူး ဘာကိစ္စသိချင်ရမှာလဲ"

သွေးသိပ်သိချင်တာပေါ့။ဒီလောက်လှတဲ့အမျိုးသမီးလေးအကြောင်းကို။သို့ပေမဲ့မငြင်းလျှင်ထိုကောင်မက လှောင်ရီဦးမယ်။သွေး စန္ဒာအကြောင်းသိတာပေါ့ မသိချင်ဘူးဆိုတောင်ပြောမယ့်လူမျိုး။အဲ့ဒါကြောင့်သွေးအတွက်အရှူံးမရှိပါဘူးလေ။

"ပြောပြမှာဘဲ သူရဲ့နာမည်က နှင်းဝတ်လွှာတဲ့ ငါတို့ထက်နှစ် နှစ်ကြီးတယ် တတိယနှစ်တက်နေတာ"

"နှင်းဝတ်လွှာ"သွေးစိတ်ထဲမှ‌ပြောလိုက်ပြီးသူမအတွက်ပေးလိုက်သည့် နာမ်စားလေးကတော့ မမလွှာ/လွှာ တဲ့။

ကျွန်မရဲ့မမလေး(Completed)Where stories live. Discover now