အပိုင်း(၁၁)

1.9K 69 0
                                    

"ဟေသာ companyသွားဖို့ပြင်ဆင်လိုက်တော့နော်"

မိုးဖိုချောင်ထဲတွင်ဒေါ်အေးတို့ဖြင့်မနက်စာပြင်နေသောပန်းအားပြောလိုက်တော့ကြောင်တောင်တောင်လေးကြည့်လာပြီး

"ဟင်.....အစောကြီးရှိသေးတယ်မဟုတ်လား အ...အဲ မမလေး မနက်စာမစားတော့ဘူးလားဟင်"

တခြားသူများအရှေ့တွင်ဆင်ခြေပြောရသည်မို့အဆင်သိပ်မပြေလှပါ။အခုလည်းကြည့် အချစ်ဟုခေါ် မိခါ‌နီးလေး။

"အရေးကြီးအစည်းအဝေးရှိလို့စောသွားရမှာ မနက်စာလည်းအပြင်မှာဘဲဝယ်စားရအောင်လေ"

"ဟုတ် ဒါဆိုဟေသာအဝတ်အစားသွားလဲလိုက်ဦးမယ်နော် မမလေး"

‌ထိပ်ထားခေါင်းအသာညိမ့်ပြလိုက်တော့အပြေးလေးတက်သွားတဲ့ကောင်မလေးဟာချစ်စဖွယ်အတိ။တို့နားမှာမင်းသာရှိရင်တို့အကုန်ဖြတ်ကျော်ရဲတယ်။အကုန်လုံးကိုထားသွားပြီး မင်းလေးနဲ့အဝေးကိုသာထွက်ပြေးလိုက်ချင်တော့တယ်။ဟူး......မွန်းကြပ်လိုက်တာအသက်ရယ်

"မမလေး သွားရအောင်လေ"

ဟေသာဆင်းလာတော့ ထားကမြင်ဟန်မတူ။တစ်နေရာကိုစိုက်ကြည့်နေပြီးအတွေးများနေသည်။

"ဟင်....ဟင်...sorryပါနော် တို့အတွေးများနေလို့ သွားမယ်လေ"

ထိပ်ထားရှေ့မှအရင်ထွက်သွားတော့ဟေသာအနောက်ကနေလိုက်လာရသည်။ထိပ်ထားဟေသာ့ဘက်ခြမ်းဘက်တံခါးအရင်ဖွင့်ပေးပြီး

"တက်ပါ ပန်းလေး"

ထိပ်ထားပြောင်စပ်စပ်လေးလုပ်ပြီးပြောတော့ဟေသာ့မှာရယ်သာရယ်နေရတော့သည်။

"ထား....ခဏကဘာတွေတွေးနေလဲဟင်"

ဟေသာပြောတော့ကားမောင်းနေရင်းမှလှည့်ကြည့်လာပြီး

"ဒီလိုပါပဲ ဟိုဟို ဒီဒီပေါ့ ဘာလို့လဲဟင်"

"ဘာမှတော့မဟုတ်ပါဘူး လျှောက်တွေးပြီးစိတ်ပင်ပန်းနေမှာဆို့လို့ အချစ်ကို"

"ဟုတ်ပါပြီရှင် မတွေးပါဘူးနော်"

ချစ်သူနှစ်ဦးစကားတပြောပြောဖြင့်company ကိုရောက်လာကြတော့ဇေပိုင်နှင့်ဦးစွာတွေ့လိုက်သည်။

ကျွန်မရဲ့မမလေး(Completed)Where stories live. Discover now