🌼အပိုင်း(၂)🌼

1.6K 130 16
                                    

အားကောင်းလွန်းသော အဆင့်မြင့် အယ်လ်ဖာတစ်ယောက်ရဲ့ pheromone ရနံ့တွေကြောင့်
တစ်လှမ်းချင်း လှမ်းနေသော အိုမီဂါလေးရဲ့ ခြေ‌လှမ်းများ ယိုင်နဲ့သွားသည်။ချက်ချင်းဆိုသလိုပင် ဆွဲဆောင်နေသော စကားဝါပန်းရနံ့များကြောင့် ခြေထောက်တွေပင် မခိုင်တော့ပဲ ဒူးထောက်လျက် ပြုတ်ကျတော့သည်။အယ်လ်ဖာတစ်ယောက်ရဲ့ ဆွဲဆောင်ကာ ပိုင်ဆိုင်လိုစိတ်ပြနေသော pheromone ရနံ့တွေကြောင့် အိုမီဂါလေးသည် အသက်ရှုတွေပင် ကြပ်လာသလို ဖြစ်သွားပြီး နောက်ဆုံး သူ့ရဲ့ ကိုယ်ပိုင် ရနံ့ကိုပါ မထိန်းချုပ်နိုင်တော့ပဲ ထုတ်လွှတ်လိုက်တော့သည်။အားကောင်းသော စကားဝါပန်းရနံ့များကြား ဝင်ရောက်လာသော ဒေစီပန်းရနံ့ pheromone များသည် သင်းသင်းကလေးနဲ့ မွှေးကြိုင်လွန်းလှသည်။စကားဝါပန်းရနံ့နဲ့ ဒေစီပန်းရနံ့များသည် လိုက်ဖက်ညီကာ အချင်းချင်း အပြန်အလှန် ဆွဲဆောင်ရစ်ပတ်နေကြတော့သည်။အိုမီဂါလေးသည် သူစိမ်းအယ်လ်ဖာရဲ့ pheromone များကြား ပျော်ဝင်နေသော သူ့ရဲ့ ရနံ့များကို မနှစ်သက်တော့ပေ။ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။သူ့ရဲ့ ဒေစီပန်းရနံ့ pheromone တွေက ယောင်းမဟုတ်တဲ့ သူစိမ်းအယ်လ်ဖာရဲ့ ရနံ့တွေကို ဘယ်လိုလုပ် လက်ခံဆွဲဆောင်နေရတာလဲ။ငါကြောက်တယ် ...ယောင်း။
Pheromone များ ပေါင်းစည်းသွားသည်နှင့် အိမ်ရှေ့စံသည် ဒူးထောက်လျက်ကလေး လဲကျနေသော အိုမီဂါလေးအနားသွားကာ ဒူးကောက်ကွေးမှ လက်လျှိုသွင်းကာ ပွေ့ချီလိုက်တော့ မျက်လုံးလေးပြူးရင်း အကြောက်အကန် ငြင်းလာတော့သည်။

"ဟင့်အင်း!ဘာလုပ်တာလဲ?အောက်ကို ပြန်ချပေးပါ။အိမ်ပြန်ပါရစေ!"

သူခံစားနေရပါသည်။အားကောင်းသော စကားဝါပန်းရနံ့များသည် ယခုလက်ရှိသူဟာ အဆင့်မြင့်အယ်လ်ဖာရဲ့ လက်ထဲရောက်ရှိနေခြင်းဖြစ်ပြီး၊ထိုအယ်လ်ဖာသည် rut ဝင်နေမှန်းလည်း ရိပ်မိပါသည်။ပြီးတော့ သူ့ကို ပွေ့ချီထားသော အယ်လ်ဖာသည်
အပေါ်ဝတ်ရုံ ချွတ်ထားခြင်းဖြစ်မည်။အိုမီဂါလေးသည် ရုန်းကန်ရင်း အယ်လ်ဖာရဲ့ ရင်ဘတ်ကျယ်ကျယ်ကို ရိုက်မိသည့်အခါ အဝတ်မပါမှန်း သိသွားချိန်မှစ၍ ထပ်ပြီး ထိုရင်ဘတ်ကို မထိတော့ပဲ ခန္ဓာကိုယ်ကိုသာ တွန့်လိမ်ရင်း အသံထွက် ရုန်းကန်တော့သည်။ပုံမှန် အယ်လ်ဖာ pheromone များတောင်မှ အိုမီဂါတွေအတွက် သက်ရောက်မှုရှိနိုင်တာမို့ ၊ယခုလို အဆင့်မြင့်အယ်လ်ဖာရဲ့ rut ဝင်နေသည့်အချိန် pheromone ရနံ့ဟာ အိုမီဂါတွေအတွက် သက်ရောက်မှုအားပိုပြင်းသည်။တချို့အိုမီဂါတွေအတွက် heat ပင် ဝင်စေနိုင်သည်။

မင်းတစ်ယောက်သာ 🌼 (Season-1)Where stories live. Discover now