နောက်တစ်နေ့၏ နေ့အစကို ရောက်နေပြီဆိုသော
အသိကြောင့် ထယ်ယောင်း၏ လေးလံနေသော မျက်ခွံများ စတင်လှုပ်ရှားလာလေပြီ။နောက်ကျိနေသော ဦးခေါင်းကြောင့် နက်မှောင်နေသော သူ၏ မျက်ခုံးတန်းတို့ကို ခေတ္တတွန့်ချိုးမိလိုက်သည်။ထိုးကိုက်နေဆဲဖြစ်သော ခေါင်းကြောင့်
ညာဘက် လက်ဖြင့် နားထင်နေရာအား ဖိနှိပ်ရင်း
မျက်လုံးများ ခပ်ဖြေးဖြေးဖွင့်ရသည်။ကြည်လင်စွာ မြင်နေရသော မျက်နှာကျက်က သူ့နန်းဆောင်က မျက်နှာကျက်မျိုးမဟုတ်။ထယ်ယောင်းသည် ဇွက်ကနဲ ထထိုင်လိုက်ပြီး
ပတ်ဝန်းကျင်ကို ရှု့စားမိလေတော့ သူ့ရဲ့နံဘေးနားတွင် လက်တစ်ဖက်ကို ခေါင်းခုရင်း နှစ်ခြိုက်စွာ အိပ်ပျော်နေတဲ့ မင်းသားကင်မ်ဆော့ဂျင်။ထယ်ယောင်းတစ်ယောက် နောက်ကျိနေသော ခေါင်းပင် ကြည်လင်သွားရသည်။သူ့ကိုယ်သူ ပြန်ကြည့်မိရာ
အပေါ်ပိုင်းဗလာဖြစ်နေလေသည်။မင်းသား ကင်မ်ဆော့ဂျင်ကို ကြည့်မိတော့လည်း မွေ့စောင်ရွှေအိုရောင်ကြီးသည် ရင်ဘတ်ထိသာ ဖုံးထားသည်ကြောင့် မြင်နေရသည့် လက်မောင်းနဲ့ ညှပ်ရိုးတို့သည် အဝတ်ဗလာဖြစ်နေကြောင်း သိနိုင်သည်။တစ်ဆက်တည်း မင်းသား၏ ညှပ်ရိုးနေရာတွေမှ ကိုက်ရာများ၊တစ်ဖက်စောင်းအိပ်နေသည့်အတွက်
ရှင်းလင်းစွာ မြင်နေရသည့် လည်ပင်းနဲ့ ရင်ဘတ်မှ နီရဲရဲ အကွက်များ။ထယ်ယောင်းတစ်ယောက် သွေးနားထင်ရောက်မတတ်ပင်။ဒါက ဘာလဲ။
ဘာအခြေအနေလဲ။သူနဲ့ မင်းသားကြား ဘာတွေဖြစ်သွားခဲ့တာလဲ။အံ့ဩထိတ်လန့်နေမှု၊အခြေအနေတို့အား မမှတ်မိနေခြင်းကြောင့် ထိုင်နေရင်း မိမိဦးခေါင်းကို
လက်ချောင်းတို့ဖြင့် ဖိနှိပ်နေမိသည်။"အင်...ဘုရင်ကင်မ်က အရင်နိုးနေတာပဲ"
မင်းသားသည် ခေါင်းအုံးထက်မှ ဖြေးညှင်းစွာ ထရင်း သူ၏ ဆံနွယ်ရှည်တို့ကို တစ်ဖက်တည်း စုကာ ချထားလိုက်သည်။
"ကိုယ်တော်တို့ ကျူးလွန်မိခဲ့ကြတာလား?"
ထယ်ယောင်းဆီက အမေးကို ဆော့ဂျင်သည်
မျက်လုံးချင်း ဆုံစွာ ကြည့်လိုက်ရင်း"အင်း"
"ဘယ်လိုဖြစ်သွားတာလဲ...မသိပေမယ့်
ဒီကိစ္စကို မဖြစ်ခဲ့သလို သဘောထားလိုက်ပါ။ညက ကိုယ်တော့်စိတ်မဟုတ်နေဘူး"