"ဧကရာဇ်...."
နန်းဆောင်ထဲ ရောက်လာသော နမ်ဂျွန်းက
ဂျွန့်အား ဂါရဝဦးစွာ ပြုသည်။"လျှောက်တင်ပါ.....အစ်ကိုတော်"
ဂျွန့်ရဲ့စကားကြားမှ နမ်ဂျွန်းသည် ဦးပြန်မော့လာပြီး လက်ထဲတွင်ပါလာသော သဝဏ်လွှာ အလိပ်အား ရိုသေစွာ ကမ်းလင့်ပေးရင်း
"ဆွယ်တိုင်းပြည်က ပေးပို့လိုက်ကြောင်းပါ"
အစ်ကိုတော် ဆက်သလာသော သဝဏ်လွှာကို ယူကာ ဖွင့်ကြည့်မိလိုက်တော့ ရာဇသံစာလွှာတစ်ခု။
တစ်နည်းအားဖြင့် ဂျီမင့်ကို သူ့အနားကနေ ပြန်ခေါ်ထုတ်သွားဖို့အတွက်။"ဆွယ်တိုင်းပြည်က ကန်ဒါကို စစ်ကြေငြာတဲ့ ရာဇသံပဲ အစ်ကိုတော်"
"ကြင်ယာတော် ဂျီမင်နဲ့ ပတ်သက်နေပါသလား?"
"သေချာပေါက်ပေါ့။ဂျီမင့်ကို ရာဇသံထဲကအတိုင်း
တစ်လအတွင်း ပြန်လွှတ်ပေးရင် စစ်ခင်းမှာ မဟုတ်ဘူးတဲ့။ပြောကြည့်ပါဦး။ကျွန်တော် ဘာရွေးသင့်လဲ?"မေးလာသော ဧကရာဇ်အမေးကို တိတ်ဆိတ်စွာသာနေပြီး နမ်ဂျွန်း မဖြေခဲ့ပါ။တခြားအရေးကိစ္စများကိုသာ သူ့အနေနဲ့ ပါဝင်ပြောဆိုနိုင်ပေမယ့်
ကြင်ယာတော်ဂျီမင်နဲ့ ပတ်သက်လာလျှင်တော့
ဘာမှ ဝင်မပြောချင်ပါ။ဘယ်လိုပဲဖြစ်ဖြစ် ဧကရာဇ် နောက်ဆုံးရွေးချယ်မှာက ကြင်ယာတော် ဂျီမင်ပဲဖြစ်မှာကို သူသိသောကြောင့်ပင်။ဆိတ်ဆိတ်သာနေနေသော နမ်ဂျွန်းအား ကြည့်ကာ ဂျွန်သည် ရေးရေးကလေးပြုံးသည်။
"အစ်ကိုတော် ကျွန်တော့်ရွေးချယ်မှုကို ရိပ်မိမှာပါ"
"မှန်လှပါ။ကျွန်တော်မျိုး သိရှိတာမို့ စစ်သည်တော်တို့ကို တစ်လအတွင်း ပိုလေ့ကျင့်ပြီး အသင့်ပြင်ခိုင်းထားပါ့မယ်"
နမ်ဂျွန်းသည် အရိုအသေပေးကာ ထွက်သွားလေသည်။နမ်ဂျွန်း မရှိတော့လေမှ ဂျွန်သည် လက်ထဲက ရာဇသံအား အနီးနား စားပွဲပေါ်တွင် ထွန်းထားသော ဖယောင်းမီးဖြင့် မီးရှို့ဖျက်ဆီးလိုက်လေသည်။ရာဇသံသည် တငွေ့ငွေ့လောင်ကျွမ်းကာ ပြာကျသွားသည်။