🌼 အပိုင်း(၁၆) 🌼

880 88 6
                                    

"ယောင်းဆီ လိုက်ပို့ပေး!"

နန်းဆောင်ထဲ ဝင်ဝင်ချင်း ဂျီမင့်ဆီက ကြားလိုက်ရသော ထိုစကား။ဂျွန်သည် တံခါးအား သေချာပိတ်ပြီးသည်နှင့် ကြင်ယာတော့်ဘေးနားက ခုံတွင် ဝင်ထိုင်ရင်း မျက်နှာနုနုလေးအပေါ် ‌တစိုးတစ ကျနေသော ဆံစလေးများကို သပ်တင်ပေးရန် လက်လှမ်းတော့ ကြင်ယာတော်၏ မျက်နှာကလေးသည် ဘေးသို့ လွှဲပစ်လိုက်၏။ဂျွန်ရဲ့ လက်ချောင်းများ လေထဲတွင် ရပ်တန့်နေပြီး ခေတ္တအကြာ အပြုံးလေးပြုံးပြီး သူ၏ လက်ကို ပြန်လည်ရုတ်သိမ်းလိုက်၏။

ဂျီမင် မျက်နှာကို ဘေးသို့သာ လွှဲထားမိ၏။
အမြင်တွေ ဝေဝါးနေသော်လည်း အနည်းငယ်တော့ မြင်နိုင်စွမ်းရှိသေးသည်မို့ ဘုရင်ဂျွန်၏ လက် သူ၏ မျက်နှာအနား ရောက်လာခြင်းကို သိစွာ ရှောင်ရှားသည့်အနေဖြင့် ဘေးသို့ လွှဲလိုက်ခြင်းပင်။

"ဂျီမင်"

တိတ်ဆိတ်သော နန်းဆောင်အတွင်း ဂျွန်၏ ငြင်သာစွာ ခေါ်သံလေးကထွက်ပေါ်လို့လာသည်။
ဂျီမင်သည် တုံ့ပြန်ခြင်းမရှိပဲ ဆိတ်ဆိတ်သာနေလေ၏။

"အဖြေကို သိပြီးသားပေမယ့် မေးချင်နေမိတယ်။
မင်း ကိုယ့်ကို အရမ်းမုန်းနေလား?"

ဖြတ်ကနဲ စူးရှစွာ ကြည့်လာသော အကြည့်နဲ့အတူ
ခက်ထန်သော မျက်နှာသည် သူ့အတွက် အဖြေပင်ဖြစ်လောက်မည်။အကြည့်နဲ့တင် သေလို့ရပါသည်။

"မေးတတ်လိုက်တာ...ဘုရင်ဂျွန်က။
ကိုယ်လုပ်ခဲ့တဲ့ လုပ်ရပ်ကိုလည်း ပြန်ကြည့်ပါဦး"

"............"

"ပထမတစ်ခါ အလိုမတူပဲ ဖျက်ဆီးခံခဲ့ရတယ်။တရားဝင် မိတ်ဖက်အယ်လ်ဖာရှိနေတဲ့ အပြင် ကိုယ်ဝန်ပါလွယ်ထားရတဲ့ ကျွန်တော်က ဒုတိယအကြိမ် ထပ်ပြီး သိမ်းပိုက်ခံရပြန်တယ်။အလိုမတူပဲနဲ့လေ....။ပြီးတော့ ယောင်းကိုပါ ဖမ်းဆီး ခေါ်ဆောင်ထားခဲ့တယ်။ပြောပါဦး။အဲ့လုပ်ရပ်တွေက ဘုရင်ဂျွန့်အပေါ် မေတ္တာထားဖို့ ဖြစ်နိုင်ပါ့မလား?"

ဂျီမင်သည် မျက်နှာကို အရှေ့တည့်တည့်ကိုသာ
မူထားရင်း ပြတ်သားသော အသံဖြင့်ဆိုလေသည်။ဂျွန်သည် ဂျီမင်၏ မျက်နှာအား ဘေးတိုက်မှ
တွေတွေလေး ငေးကြည့်ရင်း

မင်းတစ်ယောက်သာ 🌼 (Season-1)Donde viven las historias. Descúbrelo ahora