"သမီးလေး"
မို့မောက်မောက်မြေပုံလေးအနား ထိုင်ကာ
တမ်းတမ်းတတ 'သမီးလေး'ဟူသော နာမ်စားလေးအား ခေါ်ဆိုရင်း ငိုနေသော သူသည် မင်းသားကင်မ်ဆော့ဂျင်ဖြစ်လေသည်။သမီးလေးကို ဆုံးရှုံးပြီးသည်မှာ လအချို့ပင် ကုန်လွန်လာခဲ့ပေမယ့်
ဆော့ဂျင်သည် နေ့တိုင်းတမ်းတကာ ငိုနေခဲ့သည်။အကောင်အထည်ပင် မမြင်လိုက်ရတာမို့
ပိုပြီး ယူကြုံးမရဖြစ်နေခဲ့သည်။ဘာလို့များ ဒီလောက်ကံဆိုးရသလဲ။သူ့ဆီမှာလာပြီး သန္ဓေတည်တဲ့ သမီးလေးက သူ့ကြောင့်ပဲ ကံဆိုးရလေသလား။ဒါမှမဟုတ် သမီးလေးရဲ့ အတိတ်ဘဝကံကြောင့်ပဲ ခုဘဝမှာ ခုလိုကြုံတွေ့ရတာလား။ဘယ်လိုပဲဖြစ်ဖြစ် ဆော့ဂျင်အနေနဲ့ သမီးလေးအား နှမြောတမ်းတမိပါသည်။သူချစ်တဲ့သူရဲ့ သွေးသားတို့ပါနေသော သမီးလေးကို လူ့လောကထဲ ရောက်အောင် သူ မခေါ်နိုင်ခဲ့ပေ။"ဘယ်ဘဝကို ရောက်နေလဲမသိပေမယ့်
ဖဘုရားမှာတော့ ရင်တွေကွဲနေရပြီ"မြေပုံပေါ် ခေါင်းငိုက်စိုက်ကျကာ ငိုနေသော
ဆော့ဂျင်အား စစ်သူကြီးနမ်ဂျွန်းသည် အနီးနားကနေ စိတ်မကောင်းသဖွယ် ရပ်ကြည့်နေလေသည်။ထိုမြင်ကွင်းအား အဝေးတစ်နေရာကနေ ကြည့်နေသော သူ၏ မျက်ဝန်းတို့ထဲတွင်လည်း ဒေါသခံပြင်းစိတ်များ ပေါ်ပေါက်လာသည်။အစ်ကိုတော်ခုလိုခံစားရတာ ဘယ်သူ့ကြောင့်လဲ?
လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိပြီးနောက် မြင်းပေါ်သို့ လွှားကနဲတက်ကာ
ဒုန်းဆိုင်းနှင်လေတော့သည်။ဂျွန်ဦးတည်သည့်နေရာကတော့ ဆွယ်တိုင်းပြည်သို့
သွားရာလမ်းပင်။...................................................................
တောလမ်းအသွယ်သွယ်ကို ကျော်ဖြတ်လာပြီးနောက်တွင်တော့ စည်ပင်ဝပြောသော ဆွယ်တိုင်းပြည်သို့ ရောက်လာခဲ့သည်။တစ်နေကုန် ဘာမှမစားရသေးပေမယ့် အစ်ကိုတော့်အတွက် မကျေနပ်ချက်များ ရှိနေတဲ့စိတ်ကြောင့် သူဆက်ကာ ခရီးနှင်ခဲ့ရခြင်း။တိုင်းပြည်၏ လမ်းအသွယ်သွယ်ကို ဖြတ်ကျော်လာပြီး ဆွယ်နန်းတော်၏ ဂိတ်ဝအထိ မောင်းနှင်သွားလိုက်သည်။