"ဂျီမင်....ဘာတွေလဲ?"
နန်းဆောင်ထဲ ရောက်ရှိလာသော ဂျင်ဂျင်ရဲ့ အသံလာရာဘက်ကို ကြည့်လိုက်ပြီး ဂျီမင် ပြုံးပြလိုက်ရင်း
"ယောင်း စားဖို့အတွက်လေ"
"စားဖိုဆောင်ကို စီစဉ်ခိုင်းထားတာပေါ့"
"ဟုတ်တယ်"
ဘုရင်ကင်မ့်အတွက်ဆိုသော စားဖွယ်များကို
ဆော့ဂျင်တစ်ယောက် စူးစမ်းကြည့်လိုက်သည်။
ဆန့်မုန့်လုံး၊ထောပတ်၊မုန့်ကြိုးလိမ်နဲ့ သစ်သီးအချို့တို့ကို ကြိမ်ခြင်းလေးနဲ့ စုကာ ထည့်ထားလေသည်။"ဒါက ဘာအိုးလေးလဲ?"
ပုဝါစအနီလေးနဲ့ အုပ်ကာ ရွှေကြိုးဖြင့် အိုးနှုတ်ခမ်းဝကို ပတ်ကာ ချည်ထားသော အိုးကလေးက အတော်အသင့်တော့ ကြီးသည်။
"ဒါက မက်မွန်သီးရည်လေ"
"ဟင်..ဟုတ်လား။ဒါကလည်း ဘုရင်ကင်မ့်အတွက်ပေါ့"
"ဟုတ်တယ်....ဂျင်ဂျင်။ဒီနေ့တွေ့ပြီးရင် ယောင်းနဲ့ တွေ့လို့မရတော့ဘူးမလား။အ့ကြောင့် ယောင်း အာဟာရ ပြည့်အောင် ယူသွားပေးမလို့"
"ဪ"
ဂျီမင့်ရဲ့ ဘုရင်ကင်မ့်အပေါ် ထိုသို့ ဂရုစိုက်ပေးမှုများကို မြင်တော့ ဆော့ဂျင်စိတ်ထဲ သတိရမိသွားသည်က ဂျောင်ဂုပင်။ဂျောင်ဂုလည်း ဂျီမင့်ဆီက
ထိုသို့ တန်ပြန်သက်ရောက်မှုလေးတွေကို မျှော်လင့်နေတဲ့သူမလား။ဆော့ဂျင်ရဲ့ ရုတ်ချည်းငြိမ်ကျသွားမှုကြောင့်
Jimin သည် ထိုင်နေရင်းပင်"ဂျင်ဂျင်"
"ဟင်"
"ဘာဖြစ်လို့လဲ?"
"ဟင်!ဘာမှ မဖြစ်ပါဘူး။အဆင်သင့်ဖြစ်ရင် သွားကြရအောင်လေ"
"ဟုတ်....ကျွန်တော့်ကို ကူသယ်ပေးပါဦးနော်"
ထိုင်နေရာမှ ထရင်း ခြင်းတောင်းကို သူကိုယ်တိုင်က ယူပြီး မြေအိုးကိုတော့ ဆော့ဂျင်ကို ကူကာ သယ်ခိုင်းလို့လာသည်။
"နန်းတွင်းသူတွေကို သယ်ခိုင်းလိုက်မယ်လေ။
ကိုယ်က အဆင်ပြေပေမယ့် မင်းက မပေါ့မပါးကြီးနဲ့။ပေးပေး...ကိုယ့်ကို"