ကန်ဒါရဲ့ နေရီရီ ညနေခင်း အချိန်သို့ မကြာခင်ရောက်ရှိတော့လေမည်။ရာသီပွဲတော်အတွက်
အမဲလိုက်ထွက်နေပါသော ဂျွန်ကတော့ ပြန်ရောက်မလာသေးပေ။"မိဖုရားကြီး ....အဆာပြေ ခဲဘွယ်မုန့်လေးတွေသုံးဆောင်ဦး"
ဂျွန့်အလာကို စောင့်မျှော်နေသော မိဖုရားကြီးသည်
ခေါင်းရမ်းပြလိုက်ရင်း ခင်ပွန်းဖြစ်သူ ယခင် မင်းကြီးအား ကြည့်ကာ ဆိုလေသည်။"မောင်တော်ပဲ သုံးဆောင်လိုက်ပါ"
"သားတော်ကို စိတ်ပူနေတာလား?"
မိဖုရားကြီးရဲ့ မျက်နှာဟာ စိုးရိမ်ပူပန်စိတ်တွေ ပြည့်နှက်နေတာမို့ ယခင်မင်းကြီးသည် မေးခွန်းမေးလိုက်ရင်း မိဖုရားကြီး၏ လက်ဖဝါးအား ဆုပ်ကိုင်လိုက်သည်။
"ရင်ထဲ နေလို့မကောင်းဘူး မောင်တော်။သားတော်ကို စိတ်ပူတာပဲ သိတယ်"
"အရမ်းကြီး မတွေးပါနဲ့။ကိုယ်တို့သားတော်က
အဆင့်မြင့် အယ်လ်ဖာပါ။သူ ဘာမှမဖြစ်နိုင်ပါဘူး""ဒါပေမယ့်-"
"ကဲပါ။အခုတော့ ဒီမုန့်လေးတွေ စားရအောင်။
သားတော်ပြန်လာရင်လည်း တူတူ ထပ်စားကြတာပေါ့"နောက်ဆုံးတွင်တော့ မိဖုရားကြီးသည် ခေါင်းငြိမ့်ကာ ခင်ပွန်းသည် မင်းကြီးစကားအား နာခံလိုက်တော့သည်။နန်းတွင်းသူတို့ ယူလာပေးသော
ခဲဘွယ်မုန့်များကို မင်းကြီးနဲ့ မိဖုရားကြီးသည်
သုံးဆောင်ရင်း သားတော်ပြန်အလာကို စောင့်နေကြသည်။ပြည်သူ၊ပြည်သားတို့အတွက်လည်း
စားစရာများ မပြတ် ပြင်ဆင်ပေးထားသည်မို့
ပြန်ဆာသည့်အချိန်တိုင်း စားသောက်နိုင်ကြသည်။"ကြင်ယာတော်...ခဲဘွယ်မုန့်တို့ သုံးဆောင်တော့မလား?"
အထိန်းတော် မေးလာသော စကားကို မဖြေခင်
ဂျီမင်သည် ရင်ခွင်ထဲ နှစ်ခြိုက်စွာ အိပ်နေသော သားတော်လေးရဲ့ မျက်နှာအား ငုံ့ကြည့်လိုက်သည်။ထို့နောက် သားတော် နိုးသွားမည်စိုး၍"ကျွန်တော် မသုံးဆောင်တော့ပါဘူး"
"နေ့လည်ကတည်းက ကြင်ယာတော် ဘာမှ မသုံးဆောင်ရသေးဘူးမလား။အခု ညနေတောင် ရောက်နေပြီ။ဆာနေရောပေါ့"