"မင်....ပန်းဥယျာဉ်ထဲ လမ်းလျှောက်ကြမလား?"
"အင်း..သွားမယ်လေ"
ကြင်ယာတော်ဂျီမင့်၏ ဗိုက်လေးသည် တစတစနှင့် စူထွက်လာနေလေပြီဖြစ်သည်။အဖြူရောင် ဝတ်ရုံရှည်လေးကို ငွေမျှင်ရောင် ခါးစည်းကြိုးနဲ့ ရစ်သိုင်းထားပြီး ဝတ်ဆင်ထားလေသည်။ဆံနွယ်ခဲဖြူရောင်တို့ကိုတော့ တစ်ဝက်ထုံးထားပြီး တစ်ဝက်ကို ဖြန့်ချထားလေသည်။
ဘုရင်ကင်မ် တစ်ဖြစ်လည်း ယောင်းကတော့
မိုးပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး
ဆံနွယ်တို့ကို တစ်ဝက်ချ၊တစ်ဝက်ထုံးထားပြီး အနက်ရောင် နဖူးစည်းကို စည်းထားသည်။
တူနှစ်ကိုယ်ယှဉ်ကာ လျှောက်နေကြသော
ဘုရင်ကင်မ်နှင့် ကြင်ယာတော်ကို ကြည့်ကာ
နန်းတွင်းသူတစ်ချိူ့နှင့် အမှုထမ်းတစ်ချို့သည်
တိတ်တခိုး ခိုးကြည့်ကြပြီး အသီးသီး၏
စိတ်ထဲတွင်လည်း 'အလွန် လိုက်ဖက်ကြပါလား'ဟု
တွေးမိကြပေသည်။ဘုရင်ကင်မ်သည် ကြင်ယာတော့်အား ကန်ဒါ၏
ပန်းဥယျာဉ်ထဲသို့ ခေါ်ဆောင်လာခဲ့ပြီး ရောက်သည်နှင့် ဥယျာဉ်အတွင်းက နန်းဆောင်အသေးလေး ပြုလုပ်ထားရာနေရာသို့ ဦးဆောင်ခေါ်သွားလေသည်။နန်းဆောင်လေးအတွင်းမှာတော့
စားပွဲခုံ အပုလေးနှင့် ထိုင်လို့ရသည့် မွေ့ခုံအပြန့်ကလေးများလည်း ရှိလေသည်။ယောင်းသည်
မွေ့ခုံအပြန့်ကလေးပေါ်သို့ ဂျီမင့်ကို တယုတယ ထိုင်စေပြီးမှ သူသည်လည်း ဂျီမင့်အနား ကပ်ကာ ထိုင်လေသည်။"ဒီလိုလေး ထိုင်ပြီး ပန်းပင်လေးတွေကို ကြည့်ရတာ
အရမ်းသာယာတာပဲနော်...ယောင်း"ကြင်ယာတော်သည် နန်းဆောင်လေးပေါ်ထိုင်နေရင်းမှ မြင်နေရသော ဥယျာဉ်တော်အတွင်းက
ပန်းခင်းကို ကြည့်ကာ ဆိုလေသည်။ယောင်းသည် ဂျီမင်၏ လက်ကလေးကို
ဆုပ်ကိုင်လိုက်ရင်း"ဆွယ်ကို ပြန်ရောက်ရင် မင်းအတွက်၊မင်းစိတ်ကြိုက် ပန်းခင်းတွေ ထပ်ပျိုးပေးမယ်"
လှည့်ကြည့်လာသော ကြင်ယာတော်ရဲ့ မျက်နှာကလေးသည် ကြည်နူးပြုံးလေးဖြင့်သာ။
"ဂျီမင်တို့က ဒီရောက်နေတာပဲ"
ဆော့ဂျင်၏ အသံကြောင့် ဘုရင်ကင်မ်ရော၊ဂျီမင်ပါ ကြည့်မိကြရာ သူတို့ရှိရာ နန်းဆောင်ကလေးဆီ
လှမ်းလာနေပါသော ဆော့ဂျင်နှင့် ကန်ဒါတိုင်းပြည်ရဲ့ ဘုရင်ဂျွန်တို့ကို မြင်လိုက်ရသည်။