"ဂျောင်ဂု!"
လူမလာခင် အသံက ဦးစွာ ဝင်ရောက်လာသည်မို့
ဝတ်ရုံထပ်ကာ ဝတ်နေပါသော ဂျွန်သည်
နန်းဆောင်တံခါးဆီ တစ်ချက်ကြည့်ပြီး ရယ်ရင်း ခေါင်းခါမိတော့သည်။"ဂျောင်ဂုလို့!"
နန်းဆောင်တံခါးဖွင့်ကာ ဝင်လာပါသော
အစ်ကိုတော်သည် သူ့အနားရောက်လာသည်နှင့်
ခပ်အောင့်အောင့်လေး ထပ်ခေါ်ရင်း မျက်မှောင်ကြုံ့နေလေသည်။"အင်း"
"ညစာ စားပွဲကို ငါရော လိုက်ခဲ့မယ်"
ဝတ်ရုံ၏ ခါးစည်းကြိုးအား ကိုယ်တိုင်ချည်နေရင်း
အစ်ကိုတော်ဖြစ်သူ ကင်မ်ဆော့ဂျင်အား ကြည့်မိလိုက်သည်။အဖြူထည်လက်ရှည်ကလေးကို ဝတ်ဆင်ထားပြီး အပေါ်ကမှ အနက်ခံကာ ငွေရောင် ပန်းနွယ်ကလေးများ ပါသော ဝတ်ရုံကို ထပ်ကာ ဝတ်ဆင်ထားသော အစ်ကိုတော်သည် ဝတ်စုံလေးနဲ့ လိုက်ဖက်စွာ လှနေတော့သည်။သူ့ထက် အသက်အရွယ် ကြီးသော်ငြား အိုမီဂါလည်း ဖြစ်သူမို့ အစ်ကိုတော်သည် ရှိရင်းစွဲအသက်ထက် ပိုနုနယ်နေတော့သည်။ဆံနွယ်အနက်ရောင်တို့ကိုတော့
အစ်ကိုတော်သည် တစ်ဝက်ကို ထိပ်တွင်စုထုံးထားပြီး ဖဲကြိုး အဖြူရောင်အသေးကလေးနဲ့ချည်ထားလေသည်။ကျန်တစ်ဝက်ကိုတော့ ကျောပြင်ထက် ဖြန့်ချထားလေသည်။"မလိုက်နဲ့...အစ်ကိုတော်။ညစာ စားပွဲမှာ
အယ်လ်ဖာတွေပဲ အများဆုံးရှိနေမှာ""မရပါဘူး။ငါလည်း လိုက်ချင်တယ်လေ။
ပြီးတော့ မင်းလည်း ရှိနေတာကို"ဂျွန်သည် ဝတ်ရုံအား ဝတ်ပြီးသည်နှင့်
ဦးသျှောင်ကို ဆောင်းလိုက်ပြီး နန်းဆောင်အတွင်းမှ ထွက်သွားဖို့ ပြင်လေလျှင်"အငယ်လေး!ငါ တကယ်လိုက်ချင်တာလို့!"
လက်မောင်းတစ်ဖက်အား လက်နှစ်ဖက်လုံးနဲ့
ဆုပ်ကိုင်ထားပြီး စိတ်ကောက်တော့မည့် မျက်နှာမျိုးနဲ့ မော့ကာ ပြောလာသည့်အခါ အစ်ကိုကို ချစ်သည့် ဂျွန်ဂျောင်ဂုတို့ လိုက်လျောရတော့မည်။"အင်း....စားတော်ပွဲအတွင်းမှာ ကျွန်တော့်အနားပဲ နေရမယ်"
"အင်းအင်း! ကတိ..."