🌼အပိုင်း(၃)🌼

1.4K 127 9
                                    

"မင်..."

ခေါ်သံလေး။ဩရှရှနှင့် 'မင်'ဆိုသည့် ခေါ်သံလေး
နားထဲ ဝင်လာသည့်အခါ အိုမီဂါလေးရဲ့ ငိုသံများ ရုတ်ချည်း ရပ်တန့်သွားတော့သည်။မျက်ရည်များဖြင့် ဝေဝါးနေသော အမြင်အာရုံထဲ သူ့အနား လျှောက်လာနေသော ပြာလွင်လွင် ပုံရိပ်တစ်ခုကို မြင်ရသည်။လေထုထဲ ပျံ့လွင့်လာသော ခတ္တာ ပန်းရနံ့များကြောင့် ထိုသူဟာ သူချစ်သော ယောင်းဖြစ်ကြောင်း သိလိုက်ရသည်။အရင်လို အခြေအနေသာဆို ယောင်းရဲ့ ခတ္တာပန်းရနံ့များကို နှစ်လိုစွာ လက်ခံမိလိမ့်ပေမယ့် အခု သူ့ခန္ဓာကိုယ်ထက် စွဲကျန်နေဆဲဖြစ်သော စကားဝါပန်းရနံ့များကြောင့် အိုမီဂါလေးသည် မျက်ရည်များသာ စီးကျလာခဲ့ပြီး ခေါင်းငုံ့ကာ ငိုမိတော့သည်။

"မင်"

အနားရောက်လာသော ယောင်းသည်
အိုမီဂါလေးရဲ့ ပခုံးစွန်းလေးကို ကိုင်ပြီး မျက်နှာလေးအား မော့စေသည့်အခါ ဂျီမင်သည် ခေါင်းကို ဘယ်ပြန်၊ညာပြန် ရုန်းပြီး ခန္ဓာကိုယ်ကပါ ထိုင်နေရင်း နောက်သို့ ဆုတ်သွားသည်။

"ဟင့်အင်း!မထိနဲ့!ငါ့ကို မထိနဲ့!"

ထယ်ယောင်းသည် ဂျီမင့်စကားများနဲ့ အပြုအမူများအား နားမလည်နိုင်သဖွယ် ဖြစ်နေခဲ့သည်။
ထပ်ပြီး သူ့ရဲ့ ခတ္တာပန်းရနံ့များကို ပိုထုတ်ကာ
ဂျီမင့်အနား တိုးကပ်သွားလေတော့

"မထုတ်နဲ့! Pheromone တွေကို သိမ်းလိုက်...ယောင်း။ငါ့ကိုယ်ပေါ်မှာ တခြားအယ်လ်ဖာရဲ့ ရနံ့တွေနဲ့။ငါ...ငါက အရမ်းရွံစရာကောင်းတယ်"

ယောင်းသည် ဂျီမင့်စကားကြားမှ လေထုထဲ စကားဝါပန်းရနံ့ပါ အနည်းငယ်မျှ ရောပျံ့နေသည်ကို သတိထားမိတော့သည်။သူ မင့်ကို စိတ်ပူနေတာနဲ့ တခြားအယ်လ်ဖာရဲ့ ရနံ့ကို သတိမမူလိုက်မိပေ။ရနံ့က ဖျော့ဖျော့လေးရနေတာလည်း ပါလိမ့်မည်။
မင့်ရဲ့ ခန္ဓာကိုယ်ကို ကြည့်မိတော့ တုန်ခိုက်နေကာ
ဖြူဖပ်ဖြူရော်လေးဖြစ်လို့နေသည်။မျက်ရည်များ
အဆက်မပြတ် ကျဆင်းနေပြီး ဝတ်ရုံလွတ်ရာ လည်ပင်းနေရာများတွင် အနီကွက်များ တွေ့ရသည်။မင့်ရဲ့ ဝတ်ရုံလေးတွင်လည်း သွေးစအချို့ ပေပွနေပြီး ခြေထောက်မှာလည်း ဖိနပ်မပါပေ။
ဒီအခြေအနေကို ကြည့်ရုံနဲ့ သူ့ရဲ့ မင် ဘယ်လို အခြေအနေ ကြုံခဲ့ရလဲဆိုတာ ယောင်းခန့်မှန်းနိုင်သည်။မဖြစ်နိုင်ဘူးမလား။သူ့ရဲ့မင်က ထိုသို့
ဖြစ်ရပ်ကို ကြုံခဲ့တာ မဖြစ်သင့်ဘူးမလား။

မင်းတစ်ယောက်သာ 🌼 (Season-1)Donde viven las historias. Descúbrelo ahora