ဆွယ်တိုင်းပြည် မင်းကြီးရဲ့ နန်းဆောင်တွင်ဖြစ်သည်။မင်းကြီးသည် နာမကျန်းဖြစ်နေသဖြင့်
အိပ်ဆောင်တော်ထဲတွင်ပဲ ရှိနေခဲ့ပြီး ဆေးကုသမှု ခံယူနေရသည်။မင်းကြီးရဲ့ ဘေးမှာတော့ အိမ်ရှေ့စံ ထယ်ယောင်းရဲ့ မိခင် မိဖုရားခေါင်ကြီးသည် ဝမ်းနည်းပူဆွေးနေသော မျက်နှာနဲ့ ခင်ပွန်းသည် မင်းကြီးအား ကြည့်နေရှာသည်။"သားတော်.."
ဖခမည်းတော် မင်းကြီးရဲ့ အသံဟာ ခပ်တိုးတိုးသာ ထွက်လာခဲ့သည်။အရင်က ဩဇာအာဏာအပြည့်ရှိကာ အသံကြားရုံဖြင့် ကြောက်ရသော သူ့ဖခမည်းတော်ရဲ့ အသံဟာ ယခုများတော့ တိုးတိုးသာ ကြားရတော့သည်။ဖခမည်းတော်သည် မွေးရာပါ နှလုံးရောဂါ မဟုတ်ပဲ အသက်အရွယ်ကြီးရင့်လာမှ ခံနိုင်ရည်ကုန်ခမ်းခြင်းကြောင့် နှလုံးရောဂါ စပေါ်လာခဲ့ခြင်းပင်။နန်းတွင်းသမားတော်များလည်း တတ်စွမ်းသမျှ ကုသပေးနေခဲ့ပေမယ့်
ခမည်းတော်သည် လူ့လောကတွင်နေဖို့ အချိန်ပိုင်းသာ ကျန်တော့သည်ကိုလည်း သိထားသည် ။"သားတော် နားထောင်နေပါတယ်"
ခမည်းတော်အနား ဝင်ထိုင်ကာ ခမည်းတော်ရဲ့
လက်တစ်ဖက်အား သူ့ရဲ့ လက်အစုံဖြင့် ဆုပ်ကိုင်ထားရင်း ခမည်းတော်ရဲ့ ခန့်ညားနေဆဲဖြစ်သော မျက်နှာတော်အား သေချာရှု့စိမ့်ရင်း ကြည့်နေလိုက်သည်။"ခမည်းတော် မရှိတော့တဲ့ နောက်ပိုင်း
ဆွယ်တိုင်းပြည်ကို ဒီထပ်မက တိုးတက်စေချင်တယ်။ပြီးတော့ မင်း မယ်တော်ကိုလည်း သေချာ ဂရုစိုက်ပေးပါ""မောင်တော်.."
"ခမည်းတော်"
မိဖုရားခေါင်ကြီးရဲ့ အသံနဲ့ အိမ်ရှေ့စံတို့ရဲ့ အသံဟာ ရှေ့ဆင့်၊နောက်ဆင့် ထွက်ပေါ်လာခဲ့သည်။
"ခမည်းတော်သိတယ်။ခမည်းတော် အကြာကြီးနေရတော့မှာ မဟုတ်ဘူး။အဲ့တော့ ခမည်းတော် သက်ရှိထင်ရှားရှိတုန်းလေး သားတော်ကို မှာစရာရှိတာ မှာနေရတာ "
"........."
"ဆွယ်တိုင်းပြည်ကို သားတော်လက်ထဲ
ယုံယုံကြည်ကြည်နဲ့ အပ်ခဲ့တာမို့ သားတော်က
သေချာ တာဝန်ယူပေးရမယ်။မင်းကောင်းမင်းမြတ်တစ်ပါးဖြစ်အောင် ကြိုးစားရမယ်။ပြည်သူချစ်တဲ့မင်း၊ပြည်သူပြည်သားတွေကို ကောင်းကျိူးပေးတဲ့ မင်းအဖြစ် ရှင်သန်နေထိုင်ရမယ်။ခမည်းတော် ပြောတာ သဘောပေါက်ရဲ့လား..သားတော်"