"စစ်သည်တော်အားလုံး စုလိုက်!!"
အာဏာစက်ပြင်းစွာ ဟိန်းထွက်လာသော
ဂျွန်၏ အမိန့်အဆုံး နန်းဆောင်ရှေ့က အမှုထမ်း များသည် သက်ဆိုင်ရာတွေဆီ အကြောင်းကြားရန် ပြေးကာသွားကြတော့သည်။ဘုရင်၏မျက်နှာနှင့် အသံအနေအထားကို ကြည့်ပြီး ယခုကိစ္စဟာ
ပေါ့တန်သော ကိစ္စမဟုတ်မှန်းလည်း ရိပ်မိကြသည်။"ဂျောင်ဂု"
အစ်ကိုတော်သည် နောက်ပါးဆီမှ သူ့အားခေါ်လို့လာသည်။ဂျွန်သည် ဆော့ဂျင်အား လှည့်ကြည့်ပြီး
ကျွန်းဗီရိုအနားသွားကာ အနက်ရောင်ဝတ်ရုံကို ထုတ်ကာ ဝတ်ဆင်လိုက်သည်။ထို့နောက် မိမိအိပ်ယာနံဘေးက လက်ဆွဲတော် ဓားကို ယူကာ
ထွက်ရန်ပြင်ရတော့သည်။"ဂျောင်ဂု!ဘာတွေဖြစ်ကုန်တာလဲ?
ဘယ်သွားမလို့လဲ?"သူ့ဘေးနားတွင် တတွတ်တွတ်မေးမြန်းနေပါသော
အစ်ကိုတော့်အား ငဲ့ကြည့်ရင်း"ခနပဲ...ကျွန်တော် ပြန်လာရင် အားလုံးရှင်းပြမယ်"
ထိုသို့သာ ပြောပြီး နန်းဆောင်အပြင်ဘက်ထွက်သွားသော ဂျောင်ဂုကို ဆော့ဂျင် ငေးကြည့်ရုံသာ တတ်နိုင်ခဲ့သည်။
စစ်သည်များ စုဝေးရာ ကွင်းပြင်ကို မရောက်ခင်
စစ်သူကြီး ကင်မ်နမ်ဂျွန်းသည် ဦးစွာ ရောက်ရှိလာလေသည်။ဂျွန့်အား ဂါရဝပြုပြီးသည်နှင့်"ဘာအရေးကြီးကိစ္စရှိလို့ စစ်သည်တော်တွေကိုစုဝေးခိုင်းရတာလဲ.....ဧကရာဇ်ဂျွန်"
အစ်ကိုတော်နမ်ဂျွန်းသည် ထိုသို့သာ ပြောပြီး
သူ၏ စကားကို စောင့်စားနေလေသည်။ပုံမှန်အခြေအနေများတွင် အစ်ကိုတော်ဆော့ဂျင်ကဲ့သို့
'ဂျောင်ဂု'ဟုသာ ခေါ်စေဖို့ ပြောခဲ့သော်လည်း
စစ်သူကြီးသည် 'ဧကရာဇ်ဂျွန်'ဟုသာ နှုတ်ထွက်ခေါ်ဝေါ်ခဲ့သည်။"ကြင်ယာတော်ကို သွားခေါ်မလို့"
ဂျွန်သည် ထိုသို့သာ ပြောပြီး နမ်ဂျွန်းရှေ့မှ ထွက်သွားကာ စစ်သည်များ စုဝေးရာ ကွင်းပြင်ရှေ့ဆုံးတွင် မတ်မတ်ရပ်လိုက်သည်။အားလုံးသည် ဘုရင်ဂျွန့်အား ရိုသေစွာဂါရဝ ပြုကြလေသည်။ဂျွန်သည်
သူ၏ အမိန့်ကို နာခံဖို့စောင့်စားနေကြသော
စစ်သည်များကို ကြည့်ပြီးနောက်