ညစာ စားပွဲ မပြီးဆုံးခင်မှာပဲ ဘုရင်ကင်မ်သည်
ခုနှစ်ပြည်ထောင်မင်းတို့ကို နှုတ်ဆက်ကာ ကြင်ယာတော်နဲ့အတူ ထိုစားဝိုင်းမှ ထွက်ခဲ့တော့သည်။ဘုရင်ကင်မ်နဲ့ ကြင်ယာတော်တို့ နောက်တော်ပါးမှလည်း ကိုယ်ရံတော်က လိုက်ပါလာလေသည်။ကြင်ယာတော်၏ နန်းဆောင်ကို ရောက်သည်နှင့်
ကိုယ်ရံတော်သည် နန်းဆောင်အပြင်ဘက်တွင်သာ နေခဲ့လေသည်။ယောင်းသည် ဂျီမင့်အား နန်းဆောင်အတွင်းထိ လိုက်ပို့စေခဲ့ပြီး အိပ်ဆောင်နား ရောက်သည်နှင့်"အ့ဆို ကိုယ် သွားပြီနော်။ကောင်းကောင်းအိပ်စက်ပါ....ကြင်ယာတော်"
ယောင်းသည် ဂျီမင့်မျက်နှာလေးအား ကြည့်ရင်း
နူးညံ့စွာ ဆိုလေသည်။တွဲကိုင်ထားသော ကြင်ယာတော့်လက်ကလေးအား လွှတ်မည်ကြံရွယ်လိုက်သော ယောင်းရဲ့လက်ကို ကြင်ယာတော်က ပြန်လည်ဆုပ်ကိုင်ထားရင်း မျက်နှာချင်းဆိုင်အနေအထားမှ မဝံ့မရဲအသံလေးဖြင့် ခေါင်းလေးငုံ့ကာ ပြောသည်။"ဒီနေ့ညတော့ ဒီမှာပဲ အိပ်စက်ပါလား...ယောင်း"
"........."
ဘုရင်ကင်မ့်ဘက်က အသံထွက်မလာသည့်အခါ
ကြင်ယာတော်သည် သူ့ရဲ့ အောက်နှုတ်ခမ်းပါးလေးကို အသာ ကိုက်မိသွားသည်။"ယောင်း...အဆင်ပြေမှပါ။ငါ ငါ့စိတ်ထဲ နည်းနည်း ကြောက်နေမိလို့ ယောင်းကို ငါ့အနား ရှိစေချင်ရုံပါပဲ"
ဂျီမင့်ဘက်က ဆက်ပြောလာသည့်အခါ ယောင်းသည် သူတွေဝေနေသည့်ပုံစံအား ဂျီမင် တစ်မျိုးထင်သွားမည်စိုး၍
"အဆင်ပြေပါတယ်။ကိုယ်တွေဝေနေမိတာက
မင်းဘက်ကို ကြည့်နေလို့ပါ။မင်း အဆင်ပြေဖို့ပဲ အရေးကြီးတယ်လေ""ဒါဆို အိပ်ကြစို့လေနော်"
"အင်း"
ယောင်းသည် ကြင်ယာတော့်အား ဖဲမွေ့ယာပေါ် ဦးစွာ ထိုင်စေသည်။သူကိုယ်တိုင်လည်း ကြင်ယာတော့် ဘေးနား ဝင်ထိုင်ပြီး ကြင်ယာတော့်ရဲ့ ပခုံးလေးမှ ဆွဲကာ မျက်နှာချင်းဆိုင်စေသည်။ထို့နောက် မိမိရဲ့ လက်တစ်ဖက်ကို ကြင်ယာတော်ရဲ့
ဦးခေါင်းထက်ဆီ ပို့ကာ ဆံထုံးလေးတွင် ထိုးထားသော ဆံထိုးလေးအား ဆွဲကာ နှုတ်လိုက်လေသည်။ ဆံနွယ် အဖြူရောင်တို့သည် ကြင်ယာတော်ရဲ့ ကျောပြင်ထက် ကပိုကရို ကျဆင်းလာတော့သည်။ယောင်းသည် ကြင်ယာတော့်အား မြတ်နိုးစွာ ကြည့်ပြီး ကြင်ယာတော်ရဲ့ ဝတ်ရုံအပြာလေးဆီက ရင်ညွှန့်နေရာက ဖဲကြိုးလေးအား ဖြည်ချသည်။ထို့နောက် ခါးနေရာက ခါးပတ်လေးအား
အသာအယာ ဖြုတ်စေတော့
KAMU SEDANG MEMBACA
မင်းတစ်ယောက်သာ 🌼 (Season-1)
Fiksi Penggemarချစ်ခြင်းတွေဟာ အဆိပ်အတောက် ဖြစ်ခဲ့သောအခါ 💔