Ch-1 : အမြှောက်စာကလေးသတို့သမီးလေးအဖြစ်နေထိုင်ခြင်း။
"လင်းဇီ အဆင်ပြေလား အစ်ကိုကြီးက မင်းကိုကူညီဖို့စောင့်နေသေးတယ်"
သစ်သားတုံးများစွာဖြင့် ချည်နှောင်ထားသော သစ်သားတံခါးမှ ကျယ်လောင်သော ရိုက်သံတစ်ခုက လင်းချင်ကို နိုးကြားစေခဲ့သည်။
သူမ၏နှာခေါင်းအတွင်း၌ စကားလုံးများဖြင့် ဖော်မပြနိုင်သော ထူးဆန်းသောရနံ့များ ပြည့်နေသည်။ လင်းချင်း မူးဝေနေသည့်အကြည့်ဖြင့် လှည့်ပတ်ကြည့်မိသည်။ သူမ၏မျက်လုံးများထဲ ပင့်ကူမျှင်များနှင့် ရွှံ့အုတ်များဖြင့် ပြည့်နေသည်။ သူမ လက်ရှိအခြေအနေကို ကြည့်ကြည့်သည်။ သစ်သားနှစ်ပိုင်း၏ အလယ်ဗဟိုတွင် အောက်ခံ အနက်ရောင်အရည်သည် မှင်ပက်သလိုဖြစ်ပြီး မစင်များ အပေါ်မှပေါ်လောပေါ်လျက်ရှိသည်။ လင်းချင်း မှာ ထိုင်လုမတတ်ဖြစ်နေသည်။
ဒါဘယ်မှာလဲ ? ရှေးခေတ်လား?
နောက်ပြီး ဒီလက်ထဲမှာ ဘာများလဲ? ပါးပါးလှီးထားသော ဝါးချောင်းမှာ အဝါရောင်ရှိပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းသော စေးကပ်သော အရာများ စွန်းထင်းနေပါသည်။ ဒါနဲ့တင်ပါးကိုသုတ်ရမှာလား?
"လင်းရှီ ညည်း တိတ်နေတယ် ညည်း ငါ့ကို သတ်ချင်နေတာလား? ညည်း မသွားရင် ညည်းမောင်ဘေးမှာ ဘယ်လိုလုပ်လူအလုံအလောက်ရှိနိုင်မှာလဲ" လင်းချင်း မှ အချိန်အတော်ကြာ စကားမပြောဖြစ်တာကို တွေ့လိုက်ရတော့ တံခါးနားက လူက စိတ်မရှည်စွာ တံခါးကိုထပ်ခေါက်သည်။သူ့ရိုက်ချက်ကြောင့် တံခါးကပြိုကျတော့မည်။
"ကျွန်မ အခုချက်ချင်းထွက်လာပြီ"
လင်းချင်း သည် အရှေ့က အခြေအနေကို ဂရုမစိုက်ဘဲ သွားများကို ကြိတ်ကာ ဝါးချောင်းဖြင့် ပွတ်ဆွဲလိုက်သည်။ သူမ အလွန်ရွံရှာလွန်းလို့ သွေးအန်လုမတတ်ဖြစ်သည်။ အောက်ကအရည်က အနက်ရောင်ရေနဲ့တူနေသလိုပဲ။
မဟုတ်ဘူး၊ သူမ ဆက်နေရင် ဒီထူးဆန်းတဲ့အနံ့က သူမကို တိုက်ရိုက်သတ်ပစ်လိမ့်မယ်။
လင်းချင်း သည် ဘောင်းဘီရှည်ကို ဆွဲဝတ်ရင်း သူမ ဝတ်ထားသည့် လျှော်ဖွပ်ထားသော အဝတ်အစားများကို ကြည့်ကာ သူမ၏ သာမန်နေ့စဉ်ဝတ်မဟုတ်မှန်း သိသာသည်။
YOU ARE READING
၁၉၆၀ ၌ အမြှောက်စာမလေးအဖြစ်နေထိုင်ခြင်း။
RomanceM-31:Dressed As a Female Cannon Fodder In the 1960s Author : raccoon color is not fragrant Genre : Fantasy, Romance Chapter-95