Ch-14 လူအိုကြီးဝုကို ဆေးကောင်းတစ်ခွက်ပေးခဲ့ခြင်း။

586 47 3
                                    


Ch-14 လူအိုကြီးဝုကို ဆေးကောင်းတစ်ခွက်ပေးခဲ့ခြင်း။

အဘိုးဝု သည် မျက်ရည်များကို သုတ်ရင်း လင်းချင်း ကို ဆို့နင့်စွာကြည့်သည်။

"အဘိုး ကို စိတ်ပူစေမိလို့ တောင်းပန်ပါတယ်"

အဘိုးဝု အရမ်းထိတ်လန့်သွားတာကိုကြည့်ရင်း လင်းချင်း တောင်းပန်မိသည်။

သူမ တကယ်ဖျားချင်ယောင်ဆောင်ဖို့ မလိုပါ၊လီချွမ်မိန်လို လူက ဒီလို ရက်စက်တဲ့ နည်းလမ်းကို သုံးမှရမှာလေ။ ထို့အပြင် သူမ ဆေးမသောက်ပါက၊ အဘိုးဝု သည် လင်းချင်း ၏နေထိုင်မှုပုံစံကိုမသိဘဲ ငြင်းဆန်နေဉီးမှာဖြစ်သည်။ မိသားစုကို ခွဲခွာဖို့ ဆုံးဖြတ်ချက်ကို ဘာမှဖြစ်ခွင့်မပြုနိုင်ပါ။

"အဘိုး အိမ်ပြန်ရအောင် သမီး ဆေးရုံမှာ မနေချင်တော့ဘူး"

လင်းချင်း သည် သူ့ခန္ဓာကိုယ်ပေါ်ရှိ စောင်ကို ဖယ်ကာ ကုတင်ပေါ်မှဆင်းလာသည်။ သူမကိုကြည့်ရင်း အဘိုးဝုက လင်းချင်း၏ခန္ဓာကိုယ်လေးကို ချက်ချင်းကူပေးထားကာ မျက်မှောင်ကြုံ့၍ပြောသည်။ "သမီး အရမ်းအားနည်းနေတာလေ ဆေးခန်းမသွားလို့ဘယ်သွားရမှာလဲ? ရှုပ်မနေနဲ့။"

"မဟုတ်ဘူး၊ ဒီနေ့ ဆေးဖိုးရှင်းတော့ အမေရဲ့မျက်နှာက ရုပ်ဆိုးနေတယ် သမီး ရက်များစွာနေမကောင်းဖြစ်ပြီး ပိုက်ဆံအများကြီးသုံးမိခဲ့တယ် အမေ သမီးကို မုန်းနေမှာ သမီးကိုမုန်းခွင့်မပြုနိုင်ဘူး သမီးရဲ့အပြစ်မဟုတ်ဘူးလား? နေမကောင်းတာကလေ"

လင်းချင်း မျက်ရည်များကိုသုတ်ရင်း လူအိုကြီးဝု ကိုငိုယို၍ပြောသည်။

လင်းချင်း ၏ စကားကိုကြားတော့ အဘိုးဝု သည် သူ့နှလုံးသားထဲတွင် ဖော်မပြနိုင်သော နာကျင်မှုဖြစ်သွားသည်။

အဘိုးဝု သည် လီချွမ်မိန်၏ ယုတ်ညံ့သောအကြည့်ကို မှတ်ချက်မပေးချင်သော်လည်း လင်းချင်း က အလွန်အားနည်းသောကြောင့် ဆေးခန်းမှ ထွက်ခွာခွင့်မပြုနိုင်ခဲ့ပေ။

"အိမ်ခွဲကြမယ်"

အဘိုးဝု က သူ့သွားတွေကို အံကြိတ်၍ လင်းချင်း ကို ပြောသည်။

၁၉၆၀ ၌ အမြှောက်စာမလေးအဖြစ်နေထိုင်ခြင်း။Where stories live. Discover now