Ch-8: မိသားစုခွဲထွက်ဖို့က ဉီးစားပေးပဲ။

526 50 0
                                    


Ch-8: မိသားစုခွဲထွက်ဖို့က ဉီးစားပေးပဲ။

"တကယ်လား ထားလိုက်ပါတော့ အ‌မေသိရင် ပြသာနာရှာလိမ့်မယ်"

သူပြောတာနှင့် အလွန်ကွာခြားမှန်း လင်းချင်း တွေးမိသည်။

သူမက ဝုအာ ကို စိတ်ပူနေပုံရပြီး ဝုအာ ၏လက်ကိုဆွဲကာ ခေါင်းယမ်းလိုက်သည်။

လင်းချင်း ရဲ့ ငြင်းဆိုချက်ကို ကြားတော့ ဝုအာ က ရင်ပုတ်ပု၍ပြောသည်။ "စိတ်မပူနဲ့ အမေ နင့်ကို မရိုက်စေရဘူး"

လင်းချင်း က သူ့ကို ကျောင်းကထွက်အောင် သင်ပေးနိုင်သရွေ့ သူပျော်ပျော်ကြီးအဆူခံလိုက်မည်။

"ဒါဆို သတိထားနော် အမေ မတွေ့စေနဲ့"

ဝုအာ ကိုကြည့်ရင်း လင်းချင်းက စိတ်ထဲ၌တွေးထားသည်များကို ဝုအာကို ညွန်ကြားသည်။

"ကောင်းပြီ ငါအခု သွားယူလိုက်မယ် နင် ငါ့ကိုစောင့်နေ"

ဝုအာ ၏စိတ်သည် မူလက အလွန်ရိုးရှင်းသော်လည်း လင်းချင်း ၏ စည်းရုံးခြင်းကိုခံရပြီး လင်းချင်း၏နှာခေါင်းထိပ်တည့်တည်သို့ လက်ညိုးမထိုးတော့ပေ။

ဝုအာ ထွက်သွားတာကိုကြည့်ပြီး လင်းချင်းမှာ ရယ်လုနီးပါးဖြစ်နေခဲ့သည်။

ဒီဝူအာက တကယ်ချစ်ဖို့ကောင်းတယ်။ ဝုအာ နဲ့ စပြီး တစ်ဖြည်းဖြည်း တစ်ယောက်ပြီးတစ်ယောက် ရှင်းလိုက်ကြရအောင်။

ဝုအာ က ပေါင်မုန့်ဖြူကို ယူလာပေးခဲ့ကာ လင်းချင်းက အသက်တစ်ရိူက်စာအတွင်း အားလုံးစားပစ်ခဲ့ပြီး နောက်ဆုံး အင်အားတချို့ရသွားသည်။ ဝုအာက လင်းချင်း အတွက် ချက်ချင်း ရေတခွက်လောင်းထည့်ပေးကာ လင်းချင်း၏နောက်ကျောကိုပုတ်ရင်းပြောသည်။ "အစ်မ ဘယ်လိုနေသေးလဲ?"

"အင်း အဆင်ပြေပါတယ် ကျေးဇူးတင်ပါတယ် ဒုတိယမောင်လေး"

လင်းချင်းမှာ ဝုအာ၏လက်ကို ဆုပ်ကိုင်ကာ စိတ်လှုပ်ရှားစွာပြောသည်။

ဝုအာ ၏မျက်နှာမှာ နီမြန်းနေပြီး လင်းချင်း ၏အမူအရာက ဝုအာ ကို အလွန်ယုံကြည်စိတ်ချရစေလို့ဖြစ်မည်။

၁၉၆၀ ၌ အမြှောက်စာမလေးအဖြစ်နေထိုင်ခြင်း။Where stories live. Discover now