Ch-9: လူအိုကြီးဝုက အိမ်ခွဲချင်တယ်။
"အဘိုးက သမီးရဲ့အဝတ်အစားတွေကို လျှော်ပေးမယ် ကောင်းကောင်းအနားယူပါ"
ဝုလောင်ဟန် က ပိန်းဥကို စားပြီးနောက် အဝတ်လျှော်ရန် ထထွက်သွားသည်။
အဘိုးဝု၏ တုန်လှုပ်နေသော အကြည့်ကို ကြည့်ရင်း လင်းချင်း မသက်မသာခံစားရသည်။
ဒီအဘိုးဟာ တစ်သက်လုံး ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့သော်ငြား ဒီလောက် သနားစရာကောင်းတဲ့ ဘဝနဲ့ အသက်ရှင်နေသေးတာ တကယ့်ကို မိုက်မဲလွန်းလှသည်။
"လင်းချင်း ထ ငါခေါ်နေတာကြားလား"
လင်းချင်း တစ်ရေးတစ်မော အိပ်နေချိန်တွင် လီချွမ်မိန်၏ ကျယ်လောင်သောအသံမှာ လင်းချင်း ၏နားထဲတွင် ပေါ်ထွက်လာပြီး လင်းချင်းကို ရန်မဖြစ်ပဲမနေနိုင်အောင်ပြုလုပ်နေသည်။
လင်းချင်း ၏မျက်ဝန်းများအနည်းငယ်ကျဉ်းမြောင်းသွားကာ သူမဆီသို့လျှောက်လှမ်းလာသော ကျားတစ်ကောင်ကို တွေ့လိုက်ရသည်။
လင်းချင်း က အားနည်းစွာ ပြောသည်။ "အမေ ကျွန်မ အခုထပြီ"
"ညည်း တစ်နေ့လုံး အိပ်နေတယ် အိပ်ချင်ယောင်ဆောင်မနေနဲ့"
လီချွမ်မိန် က လင်းချင်း ၏ လက်မောင်းကိုဆုပ်ကိုင်ရင်း အော်ငေါက်သည်။
လင်းချင်း က ညည်းညူရင်း ကုတင်ပေါ်ကနေ ထကာ ပင်ပန်းနေသောမျက်နှာထားဖြင့်ပြောသည်။ "ကျွန်မ သေတော့မလို ဟန်ဆောင်နေတာမဟုတ်ရပါဘူး" "
"စပါးဖြတ်ဖို့ ငါနဲ့လယ်ထဲကို လိုက်ခဲ့"
လီချွမ်မိန် သည် လင်းချင်း ကို ကုတင်ပေါ်တွင် အချိန်အကြာကြီး အိပ်ခွင့်မပြုပါ။ ဒီနေ့က စပါးရိတ်ချိန်ဖြစ်သောကြောင့် သူမ ပြောသမျှအားလုံးက လင်းချင်းကို ဆုပ်ကိုင်ထားဖို့ဖြစ်သည်။
တကယ်တော့ စပါးကများများစားမရှိပါ အနည်းငယ်သာဖြစ်သည်။ လီချွမ်မိန် က လင်းချင်း ကို လယ်ကွင်းထဲ ဆင်းခိုင်းချင်သည်။ စပါးဖြတ်ပြီးရင် ရွာကို လွှဲပေးရမည်ဖြစ်သည်။
YOU ARE READING
၁၉၆၀ ၌ အမြှောက်စာမလေးအဖြစ်နေထိုင်ခြင်း။
RomanceM-31:Dressed As a Female Cannon Fodder In the 1960s Author : raccoon color is not fragrant Genre : Fantasy, Romance Chapter-95