Ch-3 : ဖျားနာချင်ဟန်ဆောင်ခြင်း။-၁
"အဘိုး၊ အဖွားနဲ့ တခြားသူတွေက ဒီနေ့ ကိုယ့်ဟာကိုယ်ချက်စားကြပါစေ ၊ သမီးတို့ တဲထဲမှာ စားရအောင်။ သမီးတို့ မြေမီးဖိုမဖွင့်ဘူး"
လင်းချင်း ပြောတဲ့ မြေသားမီးဖိုကို အဘိုးဝုကိုယ်တိုင် တည်ဆောက်ခဲ့တာဖြစ်သည်။ ဗိုက်မပြည့်တိုင်း အဘိုးဝုသည် ကန်စွန်းဥများကို တူးကာ ရေနွေးငွေ့ဖြင့် ပေါင်းထားတက်သည်။
"ဘယ်လိုလုပ်ရမှာလဲ? သမီးရဲ့အဖေ အလုပ်ကပြန်လာလို့ စားစရာမရှိရင် ဘယ်လိုလုပ်မလဲ။"
လင်းချင်းက အဘိုးဝုကို ဆုပ်ကိုင်ထားချိန် အဘိုးဝု က ခေါင်းယမ်းရင်း မီးဖိုဆီသို့လျှောက်သွားသည်။
မူလပိုင်ရှင်သည် ရှေးရိုးဆန်သော ချွေးမလေး၏ စရိုက်ကို တီထွင်ခဲ့ပြီး အဘိုးဝုထံမှ ကူးစက်ခံခဲ့ရခြင်း ဖြစ်မည်။ ဤအပျိုစင် **** သည် အပိုင်းအနည်းငယ်တွင် အသတ်ခံရသည်မှာ အံ့သြစရာမဟုတ်တော့။
လင်းချင်း သည် ဒီနေရာတွင် ရှိနေသောကြောင့် မိမိကိုယ်မိမိ နာကျင်ခံစားခွင့် မပြုနိုင်သလို သူမ ကို ချစ်သော အဘိုးဝုလည်း ဒုက္ခရောက်စေခွင့်မည်မဟုတ်ပါ။
"အဘိုး၊ သမီး... အဆင်မပြေဘူး။ အဘိုး သမီးကို ဆေးခန်းလိုက်ပြပေးပါ။"
အဘိုးဝုကို ရပ်တန့်စေဖို့ လင်းချင်း နေမကောင်းဖြစ်သည်ဟုပုံဖော်လိုက်သည်။
လင်းချင်း နောက်တခေါက် မေ့လဲတော့မည်ကိုကြည့်ရင်း အဘိုးဝုမှာ ချက်ပြုတ်ရန်ကိုဂရုမစိုက်နိုင်တော့ပဲ လင်းချင်း ကို ဆေးခန်းသို့ ခေါ်သွားလေသည်။
လီချွမ်မိန် သည် ချွမ်ဟွား၏အိမ်မှထွက်လာခဲ့သည်။ ဝုတာ့တစ်ယောက် ကောင်းမွန်သောအိမ်ထောင်ရေးရစေဖို့ ချွမ်ဟွားကို အစားအသောက်ကူပွန် ၂ ခုကိုအထူးပေးခဲ့ရသည်။ ချွမ်ဟွားက ဝုတာ့တစ်ယောက် အိမ်ထောင်ပြုစေဖို့ ကတိပေးခဲ့ပြီး လီချွမ်မိန်မှာ ပျော်ရွှင်စွာ အလျင်အမြန်အိမ်သို့ပြန်လာခဲ့သည်။
မူလက လင်းချင်း ကို သန့်ရှင်းရေးလုပ်ခိုင်းဖို့ရာ ပြန်လာတာဖြစ်သော်လည်း လင်းချင်း အိမ်မှာမရှိသည်ကို တွေ့ခဲ့သည်။
YOU ARE READING
၁၉၆၀ ၌ အမြှောက်စာမလေးအဖြစ်နေထိုင်ခြင်း။
RomanceM-31:Dressed As a Female Cannon Fodder In the 1960s Author : raccoon color is not fragrant Genre : Fantasy, Romance Chapter-95