Ch-13 : ဒရမ်မာလုပ်ခြင်း။

342 33 0
                                    


Ch-13 : ဒရမ်မာလုပ်ခြင်း။

"ဘာလို့ ငါ့ကို ပေးစေချင်နေတာလဲ?နောက်ဆုံးတခေါက်တုန်းက ငါပေးခဲ့တယ်မဟုတ်ဘူးလား? ဘာလို့ ပိုက်ဆံအများကြီးပေးရမှာလဲ?"

လီချွမ်မိန် သည် ငွေပေးချေမှုစလစ်ကို ယူလိုက်သောအခါ ငိုချလုနီးပါးဖြစ်သွားသည်။

၆ယွမ်.. ဒါ သူ့အသားကို လှီးဖြတ်ချင်နေတာပဲ။

"လင်းချင်း က ရှင့်ရဲ့သမီးပါ ။ ရှင့်မှာ သူ့လုပ်အားခတွေ အကုန်ရှိတယ်၊ သူမ မှာ ပိုက်ဆံမရှိဘူး၊ ဒါ့အပြင်က အဘိုးဝု ရဲ့ ပိုက်ဆံကလည်း ရှင့်ဆီမှာ။ သူတို့နှစ်ယောက်ဆီမှာ ငွေရှင်းဖို့ ဘယ်လိုလုပ်ပိုက်ဆံရှိမှာလဲ?"

သူနာပြု က လီချွမ်မိန်ကို၏ ရောင်ရမ်းမတက်ဖြစ်နေသော မျက်နှာကိုကြည့်၍မကျေမနပ်ပြောသည်။

လီချွမ်မိန် က ကျန်းမာရေးဌာနတွင် အကြိမ်ပေါင်းများစွာပြသာနာရှာခဲ့သည်။ သူ့မွေးစားသမီးအပေါ် အနိုင်ကျင့်ကာ ရက်စက်ကြမ်းကြုတ်သူလီချွမ်မိန်ကို ကျန်းမာရေးဌာနရှိလူတိုင်း သိကြသည်။

"ငါ သူမအတွက် တကြိမ်ပေးချေပြီးပြီ ငါနဲ့ ဘာမှမဆိုင်ဘူး။ ဆရာမ ပိုက်ဆံလိုချင်ရင် လင်းချင်း နဲ့ အဘိုးဝု ဆီကို သွားတောင်း ငါနဲ့မဆိုင်ဘူး"

လီချွမ်မိန် သည် ဘယ်လိုနည်းနဲ့မဆို ၆ ယွမ်ကို ပေးရန်ငြင်းဆိုခဲ့သည်။

အခကြေးငွေပေးသော သူနာပြုသည် ထိုသို့သောလူကို ပထမဆုံးအကြိမ်တွေ့ခြင်းဖြစ်သည်။

"ကျွန်မတို့က ရှင်လက်မှတ်ထိုးထားတဲ့ ငွေပြေစာအပေါ် ငွေသိမ်းဖို့ပဲ တာဝန်ရှိတာ ရှင်က ဆေးဖိုးအားလုံးပေးချေဖို့တာဝန်ရှိတယ်"

သူနာပြုက လီချွန်မိန်ကို နောက်ဆုံးတခေါက် လီချွန်မိန်လတ်မှတ်ထိုးထားခဲ့သည့် စာရွက်ကို ညွန်ပြကာ အေးစက်စက်ပြောသည်။

လီချွမ်မိန် သည် ဆေးခန်း၏ ဧည့်ခန်းကြမ်းပြင်ပေါ်တွင် ထိုင်ကာ ရင်ဘတ်စည်တီးရင်း ခြေဆောင့်ကာပြောသည်။ "ငါ့ဘဝက ဘာလို့ဒီလောက်ခက်ခဲနေတာလဲ? ဓား ၁၀၀၀ နဲ့ထိုးခံရသလိုပဲ သူမကို ငါ ဒီလောက်ကျွေးမွေးပြုစုခဲ့တာတောင်မှ သူမ က ငါ့ကို အခုလိုဆက်ဆံလိုက်တယ်ပေါ့လေ?ကောင်းကင်ဘုံရဲ့ဉပဒေက ဘယ်မှာများလဲ"

၁၉၆၀ ၌ အမြှောက်စာမလေးအဖြစ်နေထိုင်ခြင်း။Where stories live. Discover now