Ch-2 : အိမ်ခွဲထွက်ဖို့ရာ စီမံခြင်း။-၁

1K 95 1
                                    


Ch-2 : အိမ်ခွဲထွက်ဖို့ရာ စီမံခြင်း။-၁

လင်းချင်း ၊အသက် ၂နှစ်အရွယ်မှာ သူမ၏ မိဘတွေက သူတို့ရဲ့သားကို ထောက်ပံ့ချင်တာကြောင့် လင်းချင်း ကို ဝုမိသားစုထံ ပေးခဲ့သည်။ ထိုအချိန်တွင် လီချွမ်မိန် မှာ အိမ်ထောင်သက် ၁နှစ်ကျော်ရှိပြီဖြစ်ပြီး ကလေးမရသေးပေ။ အလျင်အမြန်ပင် ဝု မိသားစုမှ အဖိုးသည် လင်းချင်း ကို ပြုစုပျိုးထောင်ရန် ခေါ်လာခဲ့သည်။ ရွာထဲရှိ ကလေးများကို ကြိုတင်လက်ထပ်ပေးဖို့ရာ ကလေးသတို့သမီးအဖြစ်ပေးအပ်လေ့ရှိသည်ဟု ပြောစကားရှိသည်။

လင်းချင်း ဟာ ​​ ကံကောင်းသူတစ်ယောက်လည်းဖြစ်သည်။ ဝုအိမ်ကိုရောက်ပြီး တစ်လအကြာမှာတော့ လီချွမ်မိန် ၌ ကိုယ်ဝန်ရှိလာခဲ့သည်။ လီချွမ်မိန် က ဝုတာ့ကို နောက်နှစ်မှာ မွေးဖွားခဲ့သောကြောင့် အလွန်ပျော်ရွှင်ခဲ့သည်။ လင်းချင်း သည် မူလက ဝုတာ့အတွက် ကလေးသတို့သမီးဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် လီချွမ်မိန် က လက်မခံသည်ကို ဘယ်သူသိမှာလဲ? အခုတော့ လင်းချင်း ဟာ ​​ဝုမိသားစုရဲ့ အစေခံ တစ်ယောက်သာဖြစ်ပြီး သူ့သားနဲ့မထိုက်တန်ဘူးလို့ ခံစားရသည်။ဝုမိသားစုက လူတိုင်းက ဒီလိုတွေးကြတာမို့ ဘယ်သူကမှ ဒီလက်ထပ်ပွဲကိုထုတ်ဖော်မပြောလိုကြပါ။

လင်းချင်း ၏ ကိုယ်ရည်ကိုယ်သွေးသည် အားနည်းပြီး အရည်အချင်းမပြည့်မီပဲ ဂျန်နန်၏ချွေးမငယ်၊ ရိုကျိုးတတ်သော အမျိုးအစားဖြစ်သည်။

လီချွမ်မိန် က လင်းချင်းကို ပညာမသင်ကြားစေပဲ အထည်အလိပ်စက်ရုံတွင် အလုပ်လုပ်ရန် တွန်းအားပေးခဲ့သည်။ ပြန်လာတော့ မိသားစုကြီးအတွက် ချက်ပြုတ်ရသည်။ ပြတ်ပြတ်သားသားပြောရလျှင် သူမသည် ရှေးလူ့အဖွဲ့အစည်း၏ အစေခံတစ်ဦးဖြစ်သည်။

လစဉ်ရရှိသောလစာကို နေ့တိုင်း ဝင်လိုက်ထွက်လိုက်နှင့် ဘာအလုပ်မှမရှိပဲ အလုပ်ရှုပ်တက်သောလီချွမ်မိန် ထံသို့ လွှဲပေးရသည်။ ရွာကလူတော်တော်များများက လင်းချင်း ကိုသနားကြပေမယ့် လင်းချင်း ကို ဘယ်သူမှမကူညီကြပါ။ပြောရရင် ဝုမိသားစုဟောင်းရဲ့ ကိစ္စဖြစ်ကာ ပျင်းနေရင်တောင် လင်းချင်း ကို ဘယ်သူက ကူညီပေးမှာတဲ့လဲ? ။ဝုမိသားစုဟောင်းမှ လင်းချင်း ကို ဘယ်လိုပဲ ရိုက်နှက်ရိုက်နှက် လင်းချင်း သည် အလုပ်ကြိုးစားပြီး ဘယ်သောအခါမှ မကျေမနပ်မဖြစ်ခဲ့ပေ။

၁၉၆၀ ၌ အမြှောက်စာမလေးအဖြစ်နေထိုင်ခြင်း။Where stories live. Discover now