Ch-11 : ဝုအာက လင်းချင်းအတွက် ငွေခိုးပေးခဲ့တယ်။
အဘိုးဝု သည် လင်းချင်း နှင့် တခဏနေပေးခဲ့ကာ လယ်စိုက်ဖို့ ပြန်သွားခဲ့သည်။
အဘိုးဝု ကိုယ်တိုင်က မြေတစ်ဧကရဲ့ သုံးပုံတစ်ပုံကို ရထားပြီး အသီးအရွက်တချို့ စိုက်ပျိုးကာ နေ့တိုင်း သူ့ဟင်းသီးဟင်းရွက် ဥယျာဉ်မှာ အလုပ်များနေတက်သည်။
လင်းချင်း စောင်ခြုံထား၍ အိပ်ပျော်နေစဉ် ဝုအာ ရောက်လာသည်။ လင်းချင်းကိုမြင်ပြီးနောက် လီချွမ်မိန် ဘယ်လောက်လွန်ကဲကြောင်းစတင်ငိုယိုတော့သည်။
လင်းချင်း သည် ဝုအာ၏ အပြစ်တင်တိုင်ကြားပြောဆိုမှုပြီးသည်အထိ စောင့်နေကာ သက်ပြင်းချမိသည်။ "အစ်မ တကယ် နင့် ကို စာနာမိပါတယ်"
"နောက်ဆုံးတခေါက်က အစ်မမှာနည်းလမ်းရှိတယ်လို့ပြောခဲ့တယ်မဟုတ်ဘူးလား? ၊ နည်းလမ်း အပြည့်အစုံကို ပြောပြတော့"
"အစ်မ နင့် ကိုပြောခဲ့တယ်လေ ဒီလိုမျိုးက တဆင့်ခြင်းသွားရတယ်လို့ အလျင်လိုလို့မဖြစ်ဘူး အခု နင် ဒီလိုအလျင်လိုနေလို့ အမေရဲ့ ဆူပူကြိမ်းမောင်းတာကိုခံရတာမဟုတ်ဘူးလား? နင် အသားယားနေတာလား?"
လင်းချင်း သည် ဝူအာ၏ တင်ပါးကို အဓိပ္ပါယ်ရှိရှိ စိုက်ကြည့်ကာ ပြောလိုက်သည်။
ဝုအာ၏ ခန္ဓာကိုယ် အေးခဲသွားပြီး လင်းချင်း ၏ လက်မောင်းကို ဆုပ်ကိုင်ကာ သနားစဖွယ်ပြောသည်။ "ဒါဆို ကျွန်တော့်ကို ဘာဆက်လုပ်သင့်သလဲပြောပါ ကျွန်တော် တကယ် စာမလုပ်ချင်ဘူး အမေ့ကို ပြီးခဲ့တဲ့တခေါက် စာမေးပွဲကျတာကိုပြောဖို့ ကြောက်နေတာ၊ သင်္ချာမှာ ၁၀ မှတ် နဲ့ တရုတ်မှာ ရမှတ် ၂၀ ပဲ ရခဲ့တယ်..."
ဝုအာရဲ့ ရမှတ် ကို ကြားပြီးနောက် လင်းချင်းမှာ သွေးအန်လုနီးပါးဖြစ်သွားသည်။
ဒီကလေးရဲ့ ဦးနှောက်က ဘယ်လိုကြီးထွားလာလဲ? စာမေးပွဲဖြေရုံလေးကိုလေ။
"အစ်မ ရဲ့ ခန္ဓာကိုယ်က မကြာသေးခင်ကမှ နည်းနည်းလေး အားနည်းလာပြီး အမေက ဆေးဖိုးပေးဖို့ ငြင်းဆိုခဲ့တယ်။ ဘယ်တော့ ပြန်ကောင်းလာမလဲတော့ မသိပါဘူး။ အာဟာရ ဖြည့်စွက်စာ ဒါမှမဟုတ် တစ်ခုခု စားနိုင်ရင် ပိုကောင်းလာမှာ"
YOU ARE READING
၁၉၆၀ ၌ အမြှောက်စာမလေးအဖြစ်နေထိုင်ခြင်း။
RomanceM-31:Dressed As a Female Cannon Fodder In the 1960s Author : raccoon color is not fragrant Genre : Fantasy, Romance Chapter-95