Chapter 15: အိမ်ခွဲဖို့ဆုံးဖြတ်ခြင်းနှင့်ဇာတ်လိုက်နှင့်တွေ့ဆုံခြင်း။
လီချွမ်မိန် သည် အဘိုးဝူ မှ ဤကဲ့သို့ ကြမ်းတမ်းသော စကားများပြောမည်ဟု မထင်ထားပေ။ အဘိုးဝု ပြောတာ မှန်သည်။ ဒီအိမ်ကို အစတည်းက အဘိုးဝုက ပိုင်ဆိုင်တာမဟုတ်လား?အဘိုးဝု ထံ မှ ပင်စင်ကြေးကို မရရုံမကဘူး လင်းချင်းရဲ့လစာကိုပါ ရမှာမဟုတ်ဘူး။ တဲထဲမှာလည်းနေရဦးမည်။ သူမ မလုပ်နိုင်ဘူး။
"အဖေ ဘာလို့အခုလိုလုပ်နိုင်ရတာလဲ? ဘာလို့ကျွန်တော်တို့ကို အခန်း ၂ ခန်းမပေးရတာလဲ?"
ဝုလျန်တစ်ယောက် တဲတစ်လုံးတွင် နေထိုင်ရမယ်လို့ ကြားလိုက်တာနဲ့ ချက်ချင်းပင် မကျေမနပ်ဖြစ်သွားသည်။
အဘိုးဝု က ဝုလျန် ကို တချက်ကြည့်သည်။ "ဆွေးနွေးစရာ မရှိဘူး အရင်က ချွန်မိန်က မိသားစုခွဲဖို့ အော်ပြောနေခဲ့တာ ငါက သူမဆုတောင်းအတိုင်း လိုက်လုပ်ပေးရုံပဲ သူမက ငါနဲ့လင်းချင်း ကို မြင်ရတာကို မပျော်ဘူးလေ"
"ကျွန်မ အဲလိုမဆိုလိုပါဘူး အဖေ၊ မိသားစုခွဲကတည်းက တရားမျှရမှာပေါ့ ဝုလျန်က အဖေ့ရဲ့တစ်ဦးတည်းသောသားပါ၊ ဝုတာ့ နဲ့ တခြားကလေးတွေက အဖေ့မြေးတွေပါ ဘာလို့ ထပ်ခွဲမှာလဲ? လင်းချင်းက အပြင်လူပါ ခွဲဖို့မလိုဘူး မလား?"
လီချွမ်မိန်၏စကားကြောင့် အဘိုးဝု၏မျက်နှာမှာ ပို၍ရုပ်ဆိုးသွားသည်။
လင်းချင်းပြောတာမှန်သည်။ ဤအခြေအနေတွင်၊ ဝုမိသားစုတစ်ခုလုံး ကို လီချွမ်မိန်က ထိန်းချုပ်ထားလိမ့်မည်။
"ငါ့ပိုင်ဆိုင်မှုကို ငါပေးချင်တဲ့လူကိုပေးမယ် ညှိုနှိုင်းဖို့မလိုဘူး မနက်ဖြန်ထုတ်ပိုးပြီးထွက်သွား ငါတို့လည်း နေထိုင်ဖို့ အိမ်ကိုပြန်ပြောင်းလာကြမယ် မင်းတို့ ခြံထဲက တဲထဲမှာနေကြပါ"
အဘိုးဝု က မတ်တပ်ထရပ်၍ စကားပြောပြီးနောက် ထွက်သွားသည်။
လီချွမ်မိန် က အဘိုးဝု၏နောက်ကျောကို မိုက်မဲစွာကြည့်နေရင်း ဝုလျန် ဘက်သို့ခေါင်းလှည့်ကာ ဒေါသတကြီးပြောသည်။ "ဒီနေ့ ရှင့်အဖေ ဘာဖြစ်နေတာလဲ?"
YOU ARE READING
၁၉၆၀ ၌ အမြှောက်စာမလေးအဖြစ်နေထိုင်ခြင်း။
RomanceM-31:Dressed As a Female Cannon Fodder In the 1960s Author : raccoon color is not fragrant Genre : Fantasy, Romance Chapter-95