Ch-5 : ဘာလို့ လီချွမ်မိန်ကို ကောင်းကင်ဘုံတက်ခွင့်ပြုတာလဲ?-၂

501 52 0
                                    


Ch-5 : ဘာလို့ လီချွမ်မိန်ကို ကောင်းကင်ဘုံတက်ခွင့်ပြုတာလဲ?-၂

လီချွမ်မိန် သည် စကားလုံးတစ်လုံးတောင်မသိပါ။ သူမ သည် စကားလုံးများ၏ ကောင်းသလား ဆိုးသလားတောင် မသိသူဖြစ်သည်။လေသံက ကောင်းမွန်နေသောကြောင့် သမီးဖြစ်သူကိုနမ်းလိုက်သည်။

"အမေ သားတို့ ဗိုက်ဆာနေပြီ ချက်ပြီးပြီလား?' ဝုအာ တွင် ကြီးမားသောခေါင်း နှင့် သန်မာသောအသွင်အပြင်ရှိကာ ဝုမိသားစု၏အာဟာရကို အခြေခံအားဖြင့် ခိုးယူထားသည်။

"အသီးအရွက်တွေ ကောက်ဖို့ လယ်ကို သွားခဲ့တယ် ရေဆေးပြီးရင် စားလို့ရပြီ"

"ဘာလို့မချက်ပြုတ်တာလဲ?ရှောင်လင်း ဘယ်မှာလဲ? ပျင်းနေပြန်ပြီလား?"

ဝုအာ နှင့် ဝုရ တို့သည် အမြွှာများဖြစ်ပြီး ပုံပန်းသဏ္ဍာန်မတူကြသော်လည်း အတန်းတူတွင် စာသင်ကြသည်။

"သေမဲ့ဟာမလေးက အခု ကျန်းမာရေးဌာနမှာ ရှိနေတယ်။"

လင်းချင်း ကိုပြောသောအခါ လီချွမ်မိန် နည်းနည်းဒေါသထွက်သွားသည်။ ဝုတာ့၏မင်္ဂလာကိစ္စ ဟာ ထိုသေမဲ့ဟာမလေးကြောင့် ပျက်စီးသွားခဲ့လေရာ အောင်သွယ်တော် ချွမ်ဟွား၏ ထံသို့ နောက်ထပ်ငွေများ ထပ်မံပေးချေခဲ့ရသည်။

"ဘာလို့ ဆေးခန်းသွားတာလဲ" ဝုရ က လီချွမ်မိန် ကို သံသယဖြင့် ကြည့်လေသည်။

"ရည်ရွယ်ချက်ရှိရှိလုပ်တာ... လာ.. သူမနာမည်ကိုမပြောနဲ့ ပြောတိုင်း ဒေါသထွက်ရလိမ့်မယ် အမေက မင်းအတွက်ချက်ပြုတ်ပေးမယ်"

လီချွမ်မိန် က အသီးအရွက်များကိုယူကာ မီးဖိုခန်းဆီသို့ လျှောက်သွားသည်။

အုတ်နဲ့ဆောက်ထားတဲ့ မီးဖိုချောင်ကိုရောက်တဲ့အခါ ထင်းမရှိတာကိုတွေ့လိုက်သည်။

လီချွမ်မိန် က မီးဖိုချောင်ထဲကနေ ခေါင်းကလေးထွက်ကာ ဝုရ နဲ့ ဝုအာ တို့ကိုအော်ပြောသည်။ "သားတို့နှစ်ယောက် ထင်းတွေကိုကောက်ဖို့ တောင်ပေါ် တက်လိုက်ကြဉီး မြန်မြန်ပြန်လာခဲ့ကြ"

"သားတို့ စာလုပ်မလို့ဟာ အ‌မေ ကိုယ်တိုင်သွားလိုက်ပါ"

ဝုအာ နှင့် ဝုရ သည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ နှစ်ယောက်လုံး မလှုပ်ချင်ကြဘဲ ပုံနှိပ်စာအုပ်များကို ထုတ်၍ စာလုပ်နေဟန်ဆောင်ကြသည်။

၁၉၆၀ ၌ အမြှောက်စာမလေးအဖြစ်နေထိုင်ခြင်း။Where stories live. Discover now