🚬 Second Chance 🚬 (ဒုတိယ အခွင့်အရေး ) အပိုင်း (၅)
(မောင့်သက်လျာ Season 2)
🚨🚨🚨"အဟက် ... ဘယ်လိုလေးလဲ မသိဘူးကွာ "
ဘုန်းမင်းခန့် အိပ်ယာထဲမှာ မအိပ်နိုင်သေးပဲ သူမမျက်နှာလေးတွေ အသံလေးတွေသာ မြင်ယောင်ကြားယောင်နေမိသည် ...
အိပ်ယာထဲမှာ ဆက်တိုက်လူးလှိမ့်နေသည် ...လိုင်းပေါ်မှာ သူမအကောင့်ကို အပ်ထားပေမယ့် သူမက လက်မခံသေးပေ ... အကောင့် ပရိုဖိုင်က သူမပုံလေးကိုဆေ့ကာ အကြာကြီးကြည့်နေလိုက်သည် ...
အကောင့်တစ်ခုလုံးမှာ ပရိုဖိုင်ကလွဲပြီး တခြား သူမပုံတွေမရှိတာကြည့်ရုံနှင့် ဆိုရှယ်မီဒီယာ သိပ်မသုံးတာ သိသာလှပါသည် ...
........
"မောနင်း ခင် ""ဟင် "
သူမစာသင်ခန်းထဲ ဝင်ဝင်ချင်း သူမနေရာမှာ ထိုင်နေကာ လှမ်းနှုတ်ဆက်လိုက်တဲ့သူ့ကိုမြင်လိုက်ရတာကြောင့် အလိုလို မျက်မှောင်ကြုံ့သွားရသည် ...
ဘာလာလုပ်ပြန်ပြီလဲမသိ ..."ရော့ ... ဒါ ခင်စားဖို့ ဘာကြိုက်မှန်းမသိလို့ အကုန်ဝယ်လာတယ် ... "
အအေးဘူးတွေရော မုန့်တွေပါ အစုံပါတဲ့ အထုတ်တစ်ထုတ် သူမရှေ့လာချပေးလေသည် ..."မစားချင်ဘူး"
"မစားချင်ရင် လွှင့်ပစ်လိုက် "
သူမဖို့ပဲ သီးသန့်ရည်ရွယ်ပြီးဝယ်လာတာမို့ ပြန်မယူသွားချင်ပါ ... သူ့ဘက်က ဘယ်ကောင်မလေးကိုမှလဲ ဒီလို မဝယ်ပေးဖူးပါ ..."ကိုယ်ေတာင်းထားတဲ့ အဖြေ ဘယ်တော့ ပေးဖို့ စဉ်းစားထားလဲ ... ကိုယ်အကြာကြီး မစောင့်ချင်ဘူးနော် ညကျရင်လဲ လာခဲ့မယ် ... ဖုန်းဆက်ရင်လဲ ကိုင်နော် ..."
လက်ေချာင်းလေးေတွကို ကွေးပြီး ဖုန်းပုံစံလေးလုပ်ကာ လက်ကို နားနားကပ်ကာ လုပ်ပြလိုက်သည် ...သူမကတော့ နှုတ်ခမ်းကို သွားလေးနဲ့ကိုက်ကာ မျက်စောင်းထိုးပစ်လိုက်သည် ...
........
ဒီနေ့ ဘုန်းမင်းခန့် သူမအိမ်ရှေ့မှာ သီချင်းဆိုမှာကြောင့် ဟိုနှစ်ကောင်ကိုလဲ ခေါ်ခဲ့လိုက်သည် ...
သူမအိမ်ရှေ့ရောက်တော့ မနေ့ကနေရာမှာပဲ ကားလေးရပ်ကာ ဂစ်တာကိုင်ပြီး ကားပေါ်က ဆင်းလာလိုက်သည် ...သူမအခန်းကိုလှမ်းကြည့်တော့ ပြတင်းပေါက်ကတော့ မဖွင့်သေးပေ ...
YOU ARE READING
second chance (ဒုတိယ အခွင့်အရေး)
Lãng mạn🚬 Second Chance 🚬 (ဒုတိယ အခွင့်အရေး ) (မောင့်သက်လျာ Season 2) ဘုန်းမင်းခန့် 🚬 ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်အဖြစ် မှားမိတဲ့ အမှားမို့ ဒုတိယ အခွင့်ရေးကို တောင်းဆိုပါရစေ ... ကိုယ့်ကို အဲ့လိုထားသွားဖို့တော့ မကြိုးစားပါနဲ့ဗျာ ... ပြောတော့ အရမ်းချစ်တယ်ဆို...