အပိုင်း (၃၇)

9.3K 70 0
                                    

🚬 Second Chance 🚬 (ဒုတိယ အခွင့်အရေး ) အပိုင်း (၃၇)
(မောင့်သက်လျာ Season 2)
🚨🚨🚨

"ဒေါက် ဒေါက် "
သွန်း ဖုန်းကြည့်နေရင်း တံခါးခေါက်သံကြားတာကြောင့် နားစွင့်လိုက်တော့ အရှေ့က မဟုတ် ပြတင်းပေါက်က ဖြစ်နေသည် ...

"ဒေါက် ဒေါက် ခင် "
သူမကြားရုံလေးလှမ်းခေါ်လိုက်၏ ..

"ဟင် "
သူမလည်း ပြတင်းပေါက်ကို သွားဖွင့်လိုက်တော့ ...

"ခင် ..."
လှေကားပေါ်ကနေ သူမကို ပြုံးပြီးကြည့်နေတဲ့ ဘုန်းမင်းခန့် ...

"‌ေမာင် ဘာလုပ်နေတာလဲ "
သွန်း ဖေဖေနဲ့မေမေလဲ ကြားမှာဆိုးတာကြောင့် အသံလေးကို အုပ်ကာ ခပ်ကြိတ်ကြိတ်လေးမေးလိုက်တော့ ...

"မောင့်မိန်းမကို လွမ်းလို့လေ ... မောင့်မိန်းမက မောင့်ကို ပစ်ထားခဲ့တာကို "
သူမကို ပြီတီတီလေးကြည့်ကာ ပြောပြီး ပြတင်းပေါက်ကို ကျော်ကာ အခန်းထဲ တစ်ခါတည်း တန်းဝင်ခဲ့လိုက်သည် ...

"မောင်ကတော့လေ ... ဖေဖေတို့ သိသွားမှဖြင့် "

"ဘာဖြစ်လဲ ကိုယ့်မိန်းမဆီကိုယ်လာတာကို "

"ဟာ ... ဘယ်ကောင်းမလဲ မောင်ရဲ့ "

"ကောင်းပါတယ် ... လာ အခု ကောင်းတာ လုပ်ကြရအောင် အဟက် "
ပြောပြီး သူမကိုယ်လေးကို ဆွဲပွေ့ကာ အိပ်ယာပေါ် ချလိုက်ပြီး တစ်ခါတည်း အပေါ်က အုပ်မိုးလိုက်သည် ...

"အို ... မောင် ဘာလုပ်တာလဲ "
သူမ ရုတ်တရတ်မို့ ရုန်းချိန်တောင် မရလိုက်ပဲ သူမကိုယ်လေးက သူ့အောက်သို့ ရောက်သွားရသည် ...

"မောင့်မိန်းမကို ချစ်မလို့လေ "
သူမနားရွက်ဖျားနားလေးသို့ကပ်ကာ လေပြေလေးနဲ့ ပြောလိုက်ပြီး ရဲ‌ေနတဲ့ နားရွက်ဖျားလေးကို ဖွဖွလေး ဖိကိုက်လိုက်၏ ...

"အ ... မောင် မရဘူးနော် ... အောက်ထပ်မှာ ဖေဖေတို့ရှိတယ် "
သူမမှာ သူ့ကြောင့်ပဲရင်ခုန်တာလား ... အောက်မှာမိဘတွေရှိတယ်ဆိုတဲ့ စိတ်နဲ့ပဲ ရင်ခုန်နေတာလားမသိ ရင်တွေ အဆမတန်လှုပ်ခုန်နေရသည် ...

"ဘာဖြစ်လဲ "
ဘုန်းမင်းခန့် မျက်ခုံးလေးပင့်ကာ ပါးတခြမ်းတွန့်ပြီး ပြောလိုက်၏ ...

second chance (ဒုတိယ အခွင့်အရေး)Where stories live. Discover now