🚬 Second Chance 🚬 (ဒုတိယ အခွင့်အရေး ) အပိုင်း (၁၀)
(မောင့်သက်လျာ Season 2)
🚨🚨🚨"ပြွတ်စ် အွန်း "
ဘုန်းမင်းခန့် သူမနှုတ်ခမ်းေလးေတွကို အတန်ကြာသည်အထိ အားရအောင် နမ်းရှိုက်ပြီးမှ ဖြည်းဖြည်းချင်း လွှတ်ပေးလိုက်သည် ..."အင်း ..."
သွန်းမှာ သူလွှတ်ပေးပေးချင်း ဘာမှမေပြာနိုင်ပဲ အသက်ကို အလုအယက်ရှူနေရသည် ...
နှုတ်ခမ်းလေးမှာလဲ ရဲတွက်ပြီး ပူထူနေလေသည် ..."အင့်ဟယ် ..."
သူမ သူ့လက်မောင်းကို လက်သီးနဲ့ ခပ်နာနာလေးထိုးလိုက်သည် ..."အား ... ခင် က နှိပ်စက်နေတယ်ဗျာ "
ပုံမှန်ထက် အနည်းငယ်ကျယ်တဲ့ အသံနဲ့ အော်လိုက်တာကြောင့် သွန်း သူ့ပါးစပ်ကို အပြေးလွှားသွားပိတ်လိုက်သည် ...
ဖေဖေသာ ကြားပြီး သိသွားလို့ကတော့ တွေးတောင် မတွေးရဲပေ ..."ဘာလို့ အော်နေတာလဲ ..."
"အဟက် ..."
"သွား ပြန်တော့ "
သူမ နှုတ်ခမ်းလေးဆူကာ သူ့ကို ပြတင်းပေါက်နား တွန်းထုတ်လိုက်သည် ..."ကိုယ်ပြန်မဆင်းတတ်ဘူး "
"ဟင် ..."
သူ့စကားကြောင့် သူမ မျက်လုံးပြူးသွားရသည် ..."ဟုတ်တယ် ကိုယ်က တက်ပဲ တက်တတ်တာ ပြန်မဆင်းတတ်ဘူး "
လည်းပင်းကို လက်လေးနဲ့ပွတ်ကာ ရယ်ကျဲကျဲနဲ့ ဆိုလိုက်သည် ..."ဟမ် ...ဘုန်းမင်းခန့် နင်စနေတာမလား "
"တကယ်ပြောတာ ဒီညတော့ မောင် ဒီမှာပဲ အိပ်သွားလိုက်တော့မယ်နော် ..."
သူမလက်ကလေးကို ကိုင်ကာ ပြောလိုက်သည် ..."အား ... ဘယ်လိုလုပ်ရမှာလဲ ဖေဖေသိရင် အသတ်ခံရမှာပေါ့ ... ဘုန်းမင်းခန့် နင့်ငါ့ကို မစပါနဲ့ဟာ နင်ပြန်ဆင်းတတ်တယ်မလား ဟင် "
သူမ မျက်ရည်လေးတွေပင် ဝဲလာကာ ကြောက်နေတဲ့ ပုံစံလေးဖြစ်နေတာမို့ ဘုန်းမင်းခန့် ထပ်မစတော့ပဲ နေလိုက်သည် ..."အင်းပါ ... ငိုတော့မလို့လား ... မောင်စတာပါ ... ခုပြန်တော့မယ် ဟုတ်ပြီလား ... စိတ်မပူတော့နဲ့နော် မွစ်"
ခေါင်းငုံနေတဲ့ သူမကိုယ်လေးကို ပခုံးလေးကနေကိုင်၍ မော့စေကာ သူမနှဖူးလေးကို မွတ်သိပ်စွာ နမ်းရှိုက်လိုက်သည် ...
YOU ARE READING
second chance (ဒုတိယ အခွင့်အရေး)
Romance🚬 Second Chance 🚬 (ဒုတိယ အခွင့်အရေး ) (မောင့်သက်လျာ Season 2) ဘုန်းမင်းခန့် 🚬 ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်အဖြစ် မှားမိတဲ့ အမှားမို့ ဒုတိယ အခွင့်ရေးကို တောင်းဆိုပါရစေ ... ကိုယ့်ကို အဲ့လိုထားသွားဖို့တော့ မကြိုးစားပါနဲ့ဗျာ ... ပြောတော့ အရမ်းချစ်တယ်ဆို...