အပိုင်း (၈)

7.3K 94 1
                                    

🚬 Second Chance 🚬 (ဒုတိယ အခွင့်အရေး ) အပိုင်း ( ၈)
(မောင့်သက်လျာ Season 2)
🚨🚨🚨

"ဟယ်လို ... ဘာလုပ်နေတာလဲ အိပ်နေပြီလား "

"ဟင့်အင်း ... မအိပ်သေးပါဘူး နင်ရော ဆေးလိပ်‌ေတွ သောက်နေပြန်ပြီလား "

"မသောက်ပါဘူးဗျာ ... သောက်နေကျဆိုတော့ နဲနဲတော့ နေရခက်တယ် "
ရုတ်တရတ်ကြီး ဖြတ်လိုက်တာက လွယ်တော့မလွယ်ကူချေ ...

"နေရခက်လဲ နင်မသောက်နဲ့နော် "

"အင်းပါ ... ဒါနဲ့ခင်က အဲ့ နင် နင်လို့ပဲ ခေါ်တော့မှာလား ... အခေါ်ဝေါ်လေးပြောင်းဖို့ရော စိတ်ကူးမရှိဘူးလား "

"ဟင် ... ငါက ဘာပြောင်းရမှာလဲ အခုလဲ အဆင်ပြေနေတာကို "

"မောင် မပြေဘူးလေ ခင်ရဲ့ ... နင်လို့ မခေါ်ပဲ မောင်လို့ ပြောင်းခေါ်လေ နော် "

"မခေါ်ချင်ပါဘူး ... ရှက်စရာကြီး "

"ဘာရှက်စရာရှိလို့လဲ ခင်ကလဲ ကိုယ့်ကောင်လေးကိုယ်ခေါ်တာကို ... မောင့်မေမေဆို ခုချိန်ထိ ဖေဖေ့ကို မောင်လို့ပဲခေါ်တာ ... ဘယ်လောက်ကြည်နူးဖို့ကောင်းလဲ "

"မောင်လို့ခေါ်ရအောင် နင်က ငါ့ထက်ငယ်တာမှ မဟုတ်တာ "

"မငယ်လဲ ခေါ်လို့ရပါတယ်ကွာ နော် ..."

"ငါ အဲ့လိုတွေ ခေါ်ရမှာ ရှက်တယ် ... တစ်ခါမှလည်းမခေါ်ဖူးဘူး "

"လုပ်ပါကွာ ခုအစမ်းခေါ်ကြည့်ပါလား ... နော် နော် မောင့်ကို မချစ်ဘူးလားလို့ "

"အင်း အဲ့ဒါဆိုလဲ ငါခေါ်ကြည့်မယ် နင် မရယ်ရဘူးနော် ..."

"မရယ်ပါဘူး ခေါ်ကြည့် ... မောင်နားထောင်ချင်လှပြီ "

"အင်း ... မောင် "
သူမရှက်ရှက်နဲ့ တိုးညှင်းစွာ ခေါ်လိုက်သည် ...

"ဗျာ ... နားထောင်ကောင်းလိုက်တာဗျာ ... "
သူ့ရင်ထဲမှာလဲ ဗလောင်ဆူကာ ဗြောင်းဆန်နေလေသည် ...
အရင်က ကြားဖူးခဲ့တဲ့ မိန်းမပျိုတွေရဲ့ ချွဲချွဲနွဲ့နွဲ့ အသံတွေထက် သူမရဲ့ ရှက်ရွံ့ရွံ့အသံလေးက သူ့ရင်အစုံကို လှုပ်ခါစေပါသည် ...
သူမရဲ့ အသံချိုချိုလေးကလည်း သူ့ကို ကြည်နူးစေပါသည် ...

second chance (ဒုတိယ အခွင့်အရေး)Where stories live. Discover now